ဇာတ်ကားများ ရွေးရန်

Detective Dee and Nine Dragon Coffin

2022ဇာတ်ကားအမှတ် 2.0/1070 မိနစ်

၆၇၆ ခုနှစ်ခန့်မှာ သင်္ချိုင်းသူခိုးတစ်စုက လူသားစားတဲ့ အခေါင်းတလားတစ်လုံးကို တူးဖော်မိသွားပါတယ်။ အခေါင်းထဲကနေ ရွှေနဂါးကြီးတစ်ကောင် ပျံထွက်လာသလို ပြုစားခံထားရတဲ့ အလောင်းတစ်လောင်းလည်း ထွက်လာပြီး ဘုရင်ကြီးနဲ့ ဘုရင်မကြီးကို လုပ်ကြံဖို့ ကြိုးစားတော့တယ်။ ကိုယ်ရံတော်အရာရှိလီက တားဆီးကယ်တင်နိုင်ခဲ့ပြီးနောက် တရားရေးဌာနက Di Ren Jie ဟာ အမိန့်တော်အရ ဒီအမှုကို စုံစမ်းရပါတော့တယ်။ သူရင်ဆိုင်နေရတာက လူသားစားပြီး ဓားလှံတွေကိုလည်း မကြောက်တဲ့ အလောင်းကောင်တွေပါ။ မီးပုံးပွဲညမှာ လူတွေ စည်ကားနေတုန်း ထူးဆန်းတဲ့ ပုလွေသံနဲ့အတူ အလောင်းကောင်တွေ ချန်အန်းမြို့ထဲကို အလုံးအရင်းနဲ့ ဝင်လာကြတယ်။ သူတို့ကိုက်လိုက်သမျှ လူတွေကလည်း အလောင်းကောင်တွေ ဖြစ်လာကြတော့ အရေအတွက်က တိုးပြီးရင်း တိုးနေပါတယ်။ ဒီအလောင်းကောင်တွေကို ဆရာဒီးတို့ နှိမ်နင်းနိုင်ပါ့မလား၊ ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲ။

ဇာတ်လမ်းအကြောင်း