ဇာတ်ကားများ ရွေးရန်

Possible Love

2026ဇာတ်ကားအမှတ် 8.1/10165 မိနစ်

Possible Love (2026) IMDb Rating (8.1)/ Rotten Tomatoes (100%) အချစ်၊ အိမ်ထောင်ရေး၊ လူတန်းစားကွာဟမှုနဲ့ လူသားတွေရဲ့ အတွင်းစိတ်ခံစားချက်တွေကို နက်နက်ရှိုင်းရှိုင်း ပုံဖော်ရိုက်ကူးထားတဲ့ “POSSIBLE LOVE” ဘဝနေထိုင်မှုပုံစံချင်း မတူညီတဲ့ အိမ်ထောင်သည်စုံတွဲနှစ်တွဲဟာ မထင်မှတ်ထားတဲ့ အကြောင်းအရင်းတစ်ခုကြောင့် တွေ့ဆုံခဲ့ရာမှအစပြုခဲ့တဲ့ လူလေးယောက်ရဲ့ဆက်ဆံရေး... အလုပ်ပြုတ်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မီအို့နဲ့ ဟိုဆော့ဇနီးမောင်နှံတို့ရဲ့ဘဝထဲကို ငွေကြေးပြည့်စုံတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ယယ်ဂျီနဲ့ သူ့ခင်ပွန်း ဆန်းဝူတို့ ဝင်ရောက်လာခဲ့ပါတယ်။ မတူညီတဲ့ ဘဝနောက်ခံတွေက လူလေးယောက်အနေနဲ့ ဆုံစည်းမှုတစ်ခုကနေ သူတို့ရဲ့ လက်ရှိဆက်ဆံရေးတွေကိုပါ စိန်ခေါ်လာတဲ့အခါ ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာဖြစ်သလို… ဘဝမှာ ငွေရှိမှ ပျော်ရွှင်နိုင်တာလား... အရာရာပြည့်စုံနေတဲ့သူတွေရဲ့ အိမ်ထောင်ရေးကရော လက်တွေ့မှာ တကယ်ပဲ အဆင်ပြေနေကြရဲ့လား... ဆိုတဲ့မေးခွန်းအတွက်လည်း ပရိသတ်တွေ အဖြေတစ်ခုထုတ်နိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့လို့ ခံစားကြည့်ရှုဖို့ လက်တို့လိုက်ရပါတယ်နော်။ မီအို့ အဖြစ် Jeon Do-Yeon၊ ဟိုဆော့အဖြစ် Sul Kyung-Gu၊ ယယ်ဂျီအဖြစ် Cho Yeo-Jeong၊ ဆန်းဝူအဖြစ် Zo In-Sung စတဲ့ ဝါရင့်သဘာရင့် မင်းသားကြီး၊ မင်းသမီးကြီးများပါဝင်သရုပ်ဆောင်ထားပါတယ်။ File Size : 3.14GB/ 1.19GB Quality : NF WEB- DL 1080p 5.1CH/ 720p Format : mp4 Duration : 2hr 47m Genre : Romance, Life, Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း