ဇာတ်ကားများ ရွေးရန်

December Boys

2007ဇာတ်ကားအမှတ် 6.0/10105 မိနစ်

December Boys (2007) IMDb Rating (6.5) / Rotten Tomatoes (41%) December Boys (2007) ဇာတ်လမ်းက ၁၉၆၀ ပြည့်လွန်နှစ်တွေက ဒီဇင်ဘာလမှာမွေးတဲ့ မိဘမဲ့ကောင်လေး ၄ ယောက်ရဲ့ ညီအစ်ကိုသံယောဇဉ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Daniel Radcliffe, Teresa Palmer, Sullivan Stapleton, Jack Thompson စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေပါပြီးတော့ IMDb 6.5/10 ရရှိခဲ့ပါတယ်။ ဂေဟာမှာပဲ ကြီးပြင်းခဲ့ရတဲ့ ကောင်လေး ၄ ယောက်က မွေးနေ့လက်ဆောင်အနေနဲ့ ပင်လယ်ကမ်းခြေရွာလေးတစ်ရွာဆီ ရက်ရှည်အပန်းဖြေခရီး ထွက်ခွင့်ရခဲ့ကြပါတယ်။ ရောက်သွားတဲ့ ကမ်းခြေမှာ ကလေးမရနိုင်တဲ့ ရွာကလင်မယားနှစ်ယောက်နဲ့ တွေ့ပြီး၊ အဲဒီလင်မယားက ကောင်လေးတွေထဲက တစ်ယောက်တည်းကိုပဲ ရွေးပြီးမွေးစားမယ် လုပ်ပါတော့တယ်။ ဒီအခါမှာတော့ မိသားစုအစစ်အမှန် လိုချင်ကြတဲ့ ကောင်လေးတွေက အချင်းချင်း တိတ်တဆိတ် ပြိုင်ဆိုင်ကြရင်း သံယောဇဉ်တွေ အက်ကြောင်းထင်လာပါတော့တယ်။ တစ်ဖက်မှာလည်း အသက်အကြီးဆုံးကောင်လေး (Daniel Radcliffe) က ရွာကကောင်မလေးတစ်ယောက်နဲ့ ပထမဆုံးအချစ်ကို စတင်သိရှိလာပါတယ်။ ပြိုင်ဆိုင်မှုတွေကြားထဲ မထင်မှတ်ထားတဲ့ အန္တရာယ်တစ်ခု ကြုံလာရတဲ့အခါ သူတို့ ၄ ယောက်ထဲက ဘယ်သူမွေးစားခံရမလဲ၊ သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ် ဘာဖြစ်သွားမလဲ ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမဲ့ Coming-of-Age drama တစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.8 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:45:22 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း