ဇာတ်ကားများ ရွေးရန်

The Vvaan: Force of the Forrest

2026ဇာတ်ကားအမှတ် 8.1/10136 မိနစ်

The Vvaan: Force of the Forrest (2026) "တောစောင့် အရှင်မ" IMDb - 6.5/10 မင်းသား ဆစ်ဒါးမယ်ဟိုတရာနဲ့ မင်းသမီး သမ်မနားတို့ အဓိကပါဝင်ထားပြီး ရုံတင်ငွေ ရူပီး သန်းကိုးရာကျော်ရခဲ့တဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ၇ရာစုတုန်းက အိန္ဒိယအရှေ့ပိုင်းမှာ ဒေဗန်ချယ်လ်ဆိုတဲ့ အေးချမ်းသာယာပြီး စည်ပင်တဲ့မြို့တော်ကြီး ရှိခဲ့တယ်။ လူတိုင်းက ပျော်ရွှင်ချမ်းမြေ့နေကြပြီး အေးအေးချမ်းချမ်း နေထိုင်ကြတာပေါ့။ ဒါကလည်း မြို့တော်အစပ်မှာရှိတဲ့ တောအုပ်ကြီးက နတ်ဘုရားမရဲ့ ကျေးဇူးကြောင့်လို့အားလုံးက ယုံကြည်ကြတယ်။ နေဝင်ပြီးတာနဲ့ တောအုပ်ထဲကို ဘယ်သူမှမဝင်ကြဖို့က နတ်ဘုရားမရဲ့ ပြင်းထန်တဲ့အမိန့်လို့ ယုံကြည်ကြပြီး အားလုံးလိုက်နာစောင့်ထိန်းကြတဲ့ အစဉ်အလာတခု ဖြစ်ခဲ့တာပေါ့။ ၂၁ရာစုမှာတော့ အဲဒီတောအုပ်ကို ဖြတ်ပြီး လမ်းမကြီးဆောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ တောအုပ်ထဲက မြေကို အမွေရထားတဲ့ အင်ဂျင်နီယာကြီး ရီရှီတယောက်ကတော့ ပိုက်ဆံလည်းလိုနေ၊ အစဉ်အလာတွေကိုလည်း မယုံကြည်သူမို့ သူ့ဝေစုအမွေကို ရောင်းဖို့ မွမ်ဘိုင်းမြို့ကနေ ဇာတိရွာကလေးဆီပြန်လာခဲ့ပါတယ်။. ရိုးရာ အစဉ်အလာတွေ၊ နတ်ဘုရားတွေကို မယုံကြည်သူမို့ မိသားစုနဲ့ နယ်ခံတွေ တားနေတဲ့ကြားက တောအုပ်ထဲကနေ လမ်းဖြတ်ဖောက်ဖို့ကိုပဲ အားသွန်ခွန်စိုက်ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း သူ မယုံကြည်ပါဘူးဆိုတဲ့ အရာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတဲ့အခါမှာတော့...။ File size… 2.3 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း