Bruce Lee - The Fighter
ကာသစ်က သူ့ညီမလေးကို အရမ်းချစ်ပြီး ညီမအောင်မြင်ဖို့အတွက် ကိုယ့်အခွင့်အရေးကိုတောင် စွန့်လွှတ်ပေးခဲ့သူပါ။ မောင်နှမနှစ်ယောက်လုံး ဉာဏ်ကောင်းပေမယ့် မိသားစုက နှစ်ယောက်စာ ကျောင်းစရိတ် မတတ်နိုင်ဘူး။ အဖေက ကာသစ်ကို ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်စေချင်ပေမယ့် ညီမလေးမှာလည်း အဲဒီရည်မှန်းချက် ရှိနေတာကြောင့် ကာသစ်က ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမရှိသူလို ဟန်ဆောင်ပြီး ညီမကို အခွင့်အရေးပေးလိုက်ပါတယ်။ အရွယ်ရောက်လာတော့ ကာသစ်က မင်းသားတွေအစား အန္တရာယ်များတဲ့အခန်းတွေမှာ ဝင်သရုပ်ဆောင်ရတဲ့ စတန့်မင်းသား ဖြစ်လာတယ်။ အဖေရဲ့ အထင်သေးမှုကို အမြဲခံနေရပေမယ့် ညီမလေး အောင်မြင်ရင်ပဲ ကျေနပ်ပြီး ကိုယ့်ဘဝကို ပျော်ပျော်နေတတ်သူပါ။ တစ်နေ့ ရဲဝတ်စုံနဲ့ သရုပ်ဆောင်နေတုန်း ရဲတွေကို သဘောကျတဲ့ ကောင်မလေးတစ်ယောက်က သူ့ကို တွေ့သွားပါတယ်။ ကာသစ်ရဲ့ ရဲပုံစံကိုမြင်ပြီး တကယ့်ရဲလို့ အထင်မှားသွားတဲ့ ကောင်မလေးက သူ့နောက်ကို တကောက်ကောက် လိုက်လာတော့တယ်။ ကောင်မလေးက လူဆိုးတစ်စုနောက် လိုက်ရင်း ကာသစ်ကို ရဲအမှတ်နဲ့ အကူအညီတွေ တောင်းနေပါတယ်။ သူကလည်း ကူညီပေးရင်း လူဆိုးတွေရဲ့ ပစ်မှတ် ဖြစ်လာတော့တယ်။ ဒီဒုစရိုက်သမားတွေနဲ့ ကာသစ် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ သူ့ညီမအတွက်လည်း အစ်ကိုကောင်းတစ်ယောက်အဖြစ် ဘယ်လောက်အထိ ရပ်တည်ပေးနိုင်မလဲ။
ဇာတ်လမ်းအကြောင်း