The Night of the Hunter
"သင့်တံခါးကို လာခေါက်နေတာ ဘုရားသခင်ရဲ့ တမန်တော်လား၊ သေမင်းရဲ့ တမန်တော်လား..." မဟာစီးပွားပျက်ကပ်ကြီး ဖြစ်ပွားနေတဲ့ ၁၉၃၀ ပြည့်လွန်နှစ်အတွင်း မြစ်ဝှမ်းရဲ့ အမှောင်ထုထဲမှာ "ဟာရီပါဝဲလ်" ဆိုတဲ့ တရားဟောဆရာတစ်ယောက် လှည့်လည်သွားလာနေခဲ့ပါတယ် သာယာငြိမ့်ညောင်းတဲ့ အသံ၊ ဘာသာရေး တရားစကားတွေနဲ့ လူတွေရဲ့ ယုံကြည်မှုကို လွယ်လွယ်ကူကူ ရယူနိုင်တဲ့ အဲဒီလူရဲ့ နောက်ကွယ်မှာတော့ ရက်စက်ယုတ်မာတဲ့ သွေးအေးလူသတ်သမားတစ်ယောက် ပုန်းကွယ်နေတာပါ ထောင်ထဲမှာ ခဏတာ ဆုံတွေ့ခဲ့ဖူးတဲ့ ထောင်ဒဏ်ကျအကျဉ်းသား ဟာပါ ဆီကနေ ဒေါ်လာ ၁၀,၀၀၀ ခိုးရာပါငွေတွေ ဘယ်မှာဖွက်ထားတယ်ဆိုတာကို အရိပ်အမြွက် သိရှိသွားခဲ့တဲ့အခါ ဟာရီပါဝဲလ်ဟာ ဟာပါရဲ့မိန်းမဆီကို တရားဟောဆရာဟန်ဆောင်ပြီး ချဉ်းကပ်လာပါတော့တယ် ဒါပေမဲ့ ခိုးရာပါငွေတွေ ဝှက်ထားတဲ့နေရာကို တကယ်သိနေတာကတော့ အဖေ မှာခဲ့တဲ့ ကတိကြောင့် နှုတ်ဆိတ်နေကြတဲ့ ဂျွန်နဲ့ ပုလဲ မောင်နှမနှစ်ယောက် ဖြစ်နေတဲ့အခါ... လောဘစိတ်ဝင်နေတဲ့ တရားဟောဆရာကြီးရဲ့ မရိုးသားတဲ့ အကြံအစည်တွေကြားထဲကနေ ကလေးနှစ်ယောက်ဟာ သူတိုအသက်ကို လွတ်မြောက်အောင် ဘယ်လိုဉာဏ်ဆင် ထွက်ပြေးကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် အမှောင်ထုထဲကနေ သီချင်းအေးအေးလေးကို ငြင်ငြင်သာသာ သီဆိုပြီး လိုက်လာမယ့် သူ့ရဲ့ခြေသံကို ကြားရရုံနဲ့တင် ကျောချမ်းသွားစေမှာတော့ အမှန်ပါပဲ ရုပ်ရှင်အနုပညာရဲ့ အလှတရားနဲ့ လူ့စိတ်ရဲ့ အမှောင်ဘက်ခြမ်းကို တစ်ပြိုင်နက်တည်း ခံစားကြည့်ရှုချင်သူတွေအတွက် မဖြစ်မနေ ကြည့်သင့်တဲ့ Classic Psychological Thriller ဇာတ်ကားကောင်းလေးမို့ လက်မလွတ်တမ်းကြည့်လိုက်ပါဦးနော်......
ဇာတ်လမ်းအကြောင်း