ဇာတ်ကားများ ရွေးရန်

Two Deaths of Henry Baker

2020ဇာတ်ကားအမှတ် 4.5/1094 မိနစ်

ဟင်နရီဘိတ်ကာက နာမည်ကျော် ရာဇဝတ်သားတစ်ယောက်ပါ။ နာမည်ကြီးသလို ရန်သူလည်းများပြီး သူ့ပိုင်ဆိုင်မှုတွေကို မျက်စိကျနေသူတွေကလည်း မနည်းဘူး။ သူ့မှာ ဆမ်ဘတ်ဆိုတဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ ညီတစ်ယောက်ရှိတာကြောင့် ရန်သူတွေက ညီအစ်ကိုနှစ်ယောက်ကို လူမှားတတ်ကြပါတယ်။ ညီအစ်ကိုကြားမှာလည်း ရှင်းမရတဲ့ကိစ္စတစ်ခု ပေါ်လာပြီး တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ဖို့အထိ ဖြစ်လာခဲ့တယ်။ နောက်ဆုံး တစ်ယောက်က သေဆုံးပြီး တစ်ယောက်က ထောင်ကျသွားပါတယ်။ နှစ်အတော်ကြာလို့ သူတို့ရဲ့သားတွေ အရွယ်ရောက်လာချိန်မှာ ထောင်ကျနေသူလည်း ပြန်လွတ်လာတယ်။ ညီအစ်ကိုနှစ်ယောက်ကြားက ဇာတ်ရှုပ်ဟာ သားတွေလက်ထက်မှာ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို ဆက်ပြထားပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းတွေပါတဲ့ သည်းထိတ်ရင်ဖို မှုခင်းကားဖြစ်ပြီး ရှိတ်စပီးယားရဲ့ “ဗင်းနစ်မြို့က ကုန်သည်” အငွေ့အသက်တချို့ကို ထည့်ထားသလို ရှိတ်စပီးယားစာသားနဲ့ အဆုံးသတ်ထားပါတယ်။

ဇာတ်လမ်းအကြောင်း