The Lost Girls
ကြယ်တွေစုံတဲ့ညတွေမှာ ပီတာပန်ဆိုတဲ့ နတ်သူငယ်လေးဟာ ဝန်ဒီကို လာခေါ်လေ့ရှိပါတယ်။ သူခေါ်သွားတဲ့နေရာက နဲဗားလန်းဆိုတဲ့ စိတ်ကူးယဉ်ကျွန်းကြီးပါ။ ဝန်ဒီတစ်ယောက်တည်းကိုသာ ခေါ်သွားတာမဟုတ်ဘဲ ဝန်ဒီရဲ့အဖွားနဲ့ အမေတို့ကိုလည်း အရင်က အဲဒီကျွန်းဆီ ခေါ်သွားဖူးပါတယ်။ နွေဦးရဲ့ ကြယ်စုံတဲ့ညတစ်ညမှာတော့ ပီတာပန်က ဝန်ဒီ့ဆီ ရောက်လာပြီး ဘယ်တော့မှ ကြီးပြင်းမလာဖို့ ကတိတောင်းခဲ့တယ်။ နောက်နှစ်နွေဦးမှာ ပြန်လာခေါ်မယ်လို့လည်း ပြောသွားပါတယ်။ ဝန်ဒီကတော့ အဲဒီကတိကို ယုံပြီး ပီတာပန်အလာကို စောင့်နေခဲ့တာ နှစ်တွေအကြာကြီး ရှိနေပါပြီ။ ပီတာပန် ပြန်လာပါ့မလား၊ သူ့ကိုစောင့်နေရင်း ဝန်ဒီ့ဘဝမှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းက ဆက်ပြထားပါတယ်။ ဒရာမာနဲ့ စိတ်ကူးယဉ်ဇာတ်လမ်း ရောစပ်ထားတဲ့ ဒီကားမှာ Louis Partridge က ပီတာပန်အဖြစ်၊ Iain Glen က Captain Hook အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း