Civet Cat for Crown Prince
ရွှီယိက အလုပ်ရော အချစ်ရေးမှာပါ အဆင်မပြေဖြစ်နေတဲ့ လူရွှင်တော်တစ်ယောက်ပါ။ အလုပ်က ငွေမရ၊ ချစ်သူက ဖောက်ပြန်နဲ့ အိမ်ငှားခပေးဖို့တောင် မရှိတော့တဲ့အထိ အခက်တွေ့နေတယ်။ ဒီလိုနဲ့ တိုက်ပေါ်က ခုန်ချဖို့အထိ ဖြစ်လာချိန်မှာ သူ့ဘဝကို ပြောင်းလဲသွားစေမယ့် အကြောင်းတစ်ခု ပေါ်လာပါတယ်။ လုံရှန်းကတော့ တစ်ကိုယ်တည်း လှုပ်ရှားနေတဲ့ နာမည်ကြီးဖောက်ထွင်းသမားပါ။ လူဆိုးဂိုဏ်းတွေကတောင် ကြောက်ရတဲ့သူဖြစ်ပေမယ့် တာဝန်တစ်ခု လုပ်ဆောင်နေတုန်း ထိခိုက်မိပြီး အတိတ်မေ့သွားခဲ့တယ်။ အဲဒီကနေ ဘဝအခြေအနေချင်း လုံးဝမတူတဲ့ လုံရှန်းနဲ့ ရွှီယိတို့ နေရာချင်းလဲနေဖို့ ဖြစ်လာပါတယ်။ လုံရှန်းက လူရွှင်တော်ရွှီယိရဲ့ဘဝမှာ နေထိုင်ရသလို ရွှီယိကလည်း လူဆိုးဂိုဏ်းတွေနဲ့ ဆက်ဆံနေရတဲ့ လုံရှန်းရဲ့ဘဝထဲ ရောက်သွားတယ်။ ကိုယ်နဲ့မရင်းနှီးတဲ့ ဘဝအသစ်တွေမှာ နှစ်ယောက်သား ဘယ်လိုအလွဲတွေ ကြုံရမလဲ၊ ဘယ်လိုပြဿနာတွေထဲ ပါဝင်ပတ်သက်လာမလဲဆိုတာကို အက်ရှင်၊ ဟာသနဲ့ အချစ်ဇာတ်လမ်း ရောစပ်ထားပါတယ်။
ဇာတ်လမ်းအကြောင်း