ဇာတ်ကားများ ရွေးရန်

Street Fighter

2026ဇာတ်ကားအမှတ် 6.3/10120 မိနစ်

Street Fighter (2026) IMDb Rating (6.2) / Rotten Tomatoes (42%) Street Fighter (၂၀၂၆) ကတော့ ငယ်ငယ်က ဆော့ခဲ့ရတဲ့ နာမည်ကျော် ဖိုက်တင်ဂိမ်းကို အသက်သွင်းရိုက်ကူးထားတဲ့ အက်ရှင် ဇာတ်ကားကြီးပါ။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ဒါရိုက်တာ Kitao Sakurai က ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ၁၉၉၃ ခုနှစ်ကို နောက်ခံထားပြီး အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ရီရူ(Ryu) နဲ့ ကန် (Ken Masters) တို့ဆီကို ချွန်းလီ (Chun-Li) ရောက်လာရာကနေ စတင်ပါတယ်။ သူတို့ ၃ ယောက်ဟာ Shadaloo အဖွဲ့အစည်းရဲ့ အာဏာရှင် M. Bison ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ် ကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ကြရပါတော့တယ်။ ဒီပြိုင်ပွဲကျင်းပရတဲ့ Bison ရဲ့ အဓိကရည်ရွယ်ချက်က ရီရူရဲ့ ထူးခြားတဲ့ ကိုယ်ခံပညာစွမ်းအား (Dark Hadou) ကို စုပ်ယူဖို့အတွက် ရီရူကို ပုန်းအောင်းနေရာကနေ ထွက်လာအောင် မျှားခေါ်တာပါ။ ဒါ့အပြင် ပြိုင်ပွဲဝင်တွေကို ခြိမ်းခြောက်နေတဲ့ အာကူးမားဆိုတဲ့ မိစ္ဆာကြီးကလည်း ပါဝင်လာတဲ့အတွက် ပြိုင်ပွဲကြီးက ပိုပြီး အသက်အန္တရာယ် များလာပါတော့တယ်။ ဂိမ်းထဲက အထင်ကရ ဇာတ်ကောင်တွေ အများကြီးပါဝင်ပြီး သူတို့ရဲ့ အားပြိုင်မှုတွေနဲ့ အက်ရှင်အခန်းတွေကို မြင်တွေ့ရမှာပါ။ ရီရူ (Ryu) အဖြစ် Andrew Koji ကန် (Ken) အဖြစ် Noah Centineo ချန်းလီ (Chun-Li) အဖြစ် Callina Liang ဗီလိန် M. Bison အဖြစ် David Dastmalchian ဒါ့အပြင် နာမည်ကြီး သရုပ်ဆောင်တွေနဲ့ နပန်းသမားတွေဖြစ်တဲ့ Jason Momoa (Blanka), Roman Reigns(Akuma), Cody Rhodes(Guile) နဲ့ 50 Cent(Balrog) တို့လည်း အားဖြည့် ပါဝင်ထားကြပါတယ်။ ဂိမ်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ဝေဖန်ရေးသမားတွေကြားမှာတော့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပေမဲ့၊ ဂိမ်းပရိသတ်တွေအတွက်တော့ ငယ်ဘဝ အမှတ်တရ ဇာတ်ကောင်တွေကို စခရင်ပေါ်မှာ အမိုက်စား အက်ရှင်အခန်းတွေနဲ့ အသက်ဝင်ဝင် မြင်တွေ့ရမယ့် ဇာတ်ကားတစ်ကား ဖြစ်လို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။ File size… (2 GB) / (1.2 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Fantasy Duration…. 01:59:51 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း