ဇာတ်ကားများ ရွေးရန်

The Replacement

2021ဇာတ်ကားအမှတ် 6.4/10118 မိနစ်

၁၉၈၂ ခုနှစ်မှာ မက်ဒရစ်မြို့က စုံစမ်းရေးမှူး အန်ဒရက်စ်ဟာ ပင်လယ်ဆိပ်ကမ်းမြို့လေးတစ်မြို့ဆီ ပြောင်းရွှေ့လာပါတယ်။ သူက ဘိုအာဒါဆိုတဲ့ ရဲတစ်ယောက်ရဲ့နေရာကို အစားဝင်လာတာဖြစ်ပြီး ကိုလမ်ဘိုဆိုတဲ့ တွဲဖက်တစ်ယောက်နဲ့ အလုပ်လုပ်ရတယ်။ မြို့ထဲက ဂျာမန်တွေရဲ့ လာဘ်ထိုးမှုတွေနဲ့ ကြုံလာရချိန်မှာ သူ့ဘဝလည်း အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ နာဇီတွေရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ မူးယစ်ဆေးမှုတွေကို သိလာရတဲ့အပြင် သူအစားဝင်ခဲ့တဲ့ ဘိုအာဒါရဲ့သေဆုံးမှုမှာလည်း ထူးခြားတဲ့အချက်တွေ ရှိနေတာကို အန်ဒရက်စ် သတိထားမိလာတယ်။ သာမန်သေဆုံးမှုတစ်ခု မဟုတ်နိုင်တာကြောင့် အမှုကို ပြန်စစ်ဆေးဖို့ ကြိုးစားပါတော့တယ်။ စပိန်စကားပြော မှုခင်းဇာတ်ကားဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်အစောပိုင်းက နာဇီဂျာမန်တွေရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ အကြမ်းဖက်ဒုစရိုက်မှုတွေနဲ့ ဒီမိုကရေစီရဖို့ ကြိုးပမ်းရတဲ့ကာလကို နောက်ခံထားပါတယ်။ Ricardo Gómez၊ Vicky Luengo နဲ့ Pere Ponce တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း