ဇာတ်ကားများ ရွေးရန်

The Company Men

2010ဇာတ်ကားအမှတ် 6.5/10104 မိနစ်

ဘော်ဘီဝေါ့ကာဟာ GTX လို့ခေါ်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ အရောင်းဌာနခွဲခေါင်းဆောင်ပါ။ အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းလာတဲ့အခါ ကော်ပိုရေးရှင်းကြီးတွေက လုပ်ငန်းဆက်လည်ပတ်နိုင်ဖို့နဲ့ စတော့ရှယ်ယာဈေးတွေကို ထိန်းထားနိုင်ဖို့ ဝန်ထမ်းတွေကို ထောင်နဲ့သောင်းနဲ့ချီ လျှော့ချလာကြတယ်။ ဘော်ဘီလည်း အလုပ်ထုတ်ခံရတဲ့စာရင်းထဲ ပါသွားခဲ့ပါတယ်။ ဇာတ်လမ်းက ဘော်ဘီအပြင် ကုမ္ပဏီအသီးသီးရဲ့ ဝန်ထမ်းလျှော့ချမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူတွေရဲ့ဘဝကိုပါ ဆက်ပြထားတယ်။ အလုပ်ဆုံးရှုံးမှုက သူတို့ကိုယ်တိုင်သာမက မိသားစုနဲ့ ပတ်ဝန်းကျင်အပေါ် ဘယ်လိုသက်ရောက်သလဲ၊ အဲဒီအခြေအနေကို ဘယ်လိုဖြတ်ကျော်ကြရသလဲဆိုတာကို တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သဘောထားတွေနဲ့ အမေရိကန်လူနေမှုစနစ်၊ နေထိုင်ပုံတွေကိုလည်း တွဲဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း