Double Impact
ဟောင်ကောင်မှာ တူးမြောင်းလုပ်ငန်း လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို သူ့လုပ်ဖော်ကိုင်ဖက်က လိုချင်နေပါတယ်။ ဒါကြောင့် ဟောင်ကောင်က လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို အကူအညီတောင်းပြီး လုပ်ငန်းရှင်နဲ့ သူ့မိသားစုကို သတ်ဖို့ စီစဉ်ခဲ့တယ်။ ဒါပေမယ့် လုပ်ငန်းရှင်ရဲ့ အမြွှာသားလေးနှစ်ယောက်ကတော့ အသက်မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ နှစ်ဆယ့်ငါးနှစ်ကြာတဲ့အခါ အဲဒီညီအစ်ကိုနှစ်ယောက် ပြန်ဆုံကြပြီး ဖခင်အတွက် လက်စားချေဖို့ ကြိုးစားလာကြတယ်။ ညီအစ်ကိုဖြစ်ပေမယ့် တစ်ယောက်က အပျော့၊ တစ်ယောက်က အမာဆိုသလို စရိုက်ချင်း မတူကြပါဘူး။ ဒီဇာတ်ကောင်နှစ်ယောက်စလုံးကို ဗန်ဒိန်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး သူကိုယ်တိုင်တတ်ကျွမ်းတဲ့ ကိုယ်ခံပညာနဲ့ အက်ရှင်ခန်းတွေကို သရုပ်ဖော်ထားပါတယ်။
ဇာတ်လမ်းအကြောင်း