Throw Down
တစ်ချိန်က ဂျူဒိုလောကမှာ နာမည်ကြီးခဲ့တဲ့ Louis Koo ရဲ့ ဇာတ်ကောင်ဟာ အခုတော့ ဘာမှမလုပ်ချင်တော့ဘဲ လောင်းကစားနဲ့ပဲ အချိန်ကုန်နေပါတယ်။ ဆပ်စရာအကြွေးတွေကလည်း ပုံနေပြီ။ အဲဒီအချိန်မှာ သိုင်းပြိုင်ဖို့ စိတ်အားထက်သန်တဲ့ Aaron Kwok ရဲ့ ဂျူဒိုသမားက သူ့ကို လာစိန်ခေါ်တယ်။ ဒါပေမယ့် သူက ကောင်းကောင်းမယှဉ်ပြိုင်တာကြောင့် Aaron Kwok ရဲ့ ဇာတ်ကောင်က သူပြန်ပြီး ပုံမှန်ဖြစ်လာတဲ့အထိ အရက်ဆိုင်မှာ ဝင်ကူပေးရင်း ပြိုင်ဖို့ စောင့်နေပါတယ်။ သူတို့နှစ်ယောက်ကြား ရောက်လာသူက Cherrie Ying သရုပ်ဆောင်ထားတဲ့ မိုနာပါ။ အဆိုတော်ဖြစ်ချင်ပေမယ့် အသံက မကောင်းဘူး။ အေးဂျင့်က အပြာကားရိုက်ခိုင်းဖို့ လုပ်လာတာကြောင့်လည်း ပြဿနာတက်နေတယ်။ အိမ်လခမပေးနိုင်တာ ခြောက်လရှိပြီမို့ အိမ်ရှင်က နှင်ချတဲ့အခါမှာတောင် ခေါက်ဆွဲစားရင်း လမ်းပေါ်မှာ ခပ်အေးအေးရပ်နေတဲ့ မိန်းကလေးပါ။ သူတို့သုံးယောက်ရဲ့ အရှုပ်အထွေးတွေကို အဓိကထားပြီး ဇာတ်လမ်းကို ဆက်ထားပါတယ်။ Tony Leung Ka-fai ကလည်း ခပ်ကြမ်းကြမ်းဇာတ်ပို့နေရာက ပါဝင်ထားပါတယ်။ Johnnie To ရိုက်ကူးထားတဲ့ Throw Down ဟာ ဇာတ်လမ်းအဖြစ်အပျက်ထက် ဇာတ်ကောင်တွေကို ပိုအလေးပေးထားတဲ့ ရုပ်ရှင်ပါ။ ဂျပန်သိုင်းပညာဖြစ်တဲ့ ဂျူဒိုကို အခြေခံပြီး စိန်ခေါ်ယှဉ်ပြိုင်တဲ့ အခန်းတွေကို ရိုက်ကူးထားသလို ကူရိုဆာဝါရဲ့ ပွဲဦးထွက်ရုပ်ရှင် Sanshiro Sugata ကိုလည်း ထည့်သွင်းရည်ညွှန်းထားပါတယ်။ ကူရိုဆာဝါကို ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Johnnie To ရဲ့ ပုံမှန်ကြမ်းတမ်းတဲ့ ရုပ်ရှင်တွေထက် အနည်းငယ်ပေါ့ပါးပေမယ့် မှောင်မိုက်လေးနက်တဲ့ သူ့ဟန်တော့ ကျန်နေဆဲပါ။ သူ့လက်ရာတွေထဲက အကောင်းဆုံးတစ်ကားအဖြစ် သတ်မှတ်သူတွေလည်း ရှိပြီး တရုတ်ရုပ်ရှင်ဆုပေးပွဲတွေမှာ အကောင်းဆုံးရုပ်ရှင်နဲ့ အကောင်းဆုံးဒါရိုက်တာဆုတွေအတွက် ဆန်ခါတင်ဝင်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း