ဇာတ်ကားများ ရွေးရန်

Girl in the Box

2016ဇာတ်ကားအမှတ် 6.7/1087 မိနစ်

၁၉၇၇ ခုနှစ် မေလမှာ ကိုလင်းဆိုတဲ့ မိန်းကလေးဟာ ကယ်လီဖိုးနီးယားက သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကို သွားရင်း ကမ်မရွန်းနဲ့ ဂျန်နစ်တို့ရဲ့ကားကို လမ်းကြုံလိုက်စီးခဲ့ပါတယ်။ သာမန်လမ်းကြုံခရီးတစ်ခုလို့ ထင်ခဲ့ပေမယ့် အဲဒီလင်မယားနဲ့ တွေ့လိုက်ရတာက သူ့ဘဝကို ဆိုးဆိုးရွားရွား ပြောင်းလဲသွားစေခဲ့တယ်။ သူတို့လက်ထဲ ရောက်သွားတဲ့ ကိုလင်းဟာ လိင်ကျွန်အဖြစ် ဖမ်းဆီးထားခံရပြီး ကလေးထိန်းနဲ့ အိမ်အလုပ်တွေကိုပါ လုပ်ပေးရပါတယ်။ ညအိပ်ချိန်မှာတောင် လင်မယားနှစ်ယောက်ရဲ့ ကုတင်အောက်က လူတစ်ကိုယ်စာ သေတ္တာလေးထဲမှာပဲ နေရတယ်။ ကမ်မရွန်းရဲ့ နှိပ်စက်မှုတွေကိုလည်း ခံနေရပါတယ်။ ကိုလင်း ထွက်မပြေးရဲအောင် သူဟာ လိင်လုပ်သားကုမ္ပဏီတစ်ခုရဲ့ တရားဝင်ကျွန်ဖြစ်နေပြီလို့ လိမ်ပြောထားကြသလို ထွက်ပြေးရင် မိသားစုပါ အသက်အန္တရာယ်ရှိမယ်လို့ ခြိမ်းခြောက်ထားကြတယ်။ ဒီလိုနဲ့ ခုနစ်နှစ်ကြာအောင် ပြေးမရ၊ လွတ်မရဖြစ်ခဲ့တဲ့ ကိုလင်းရဲ့အကြောင်းကို ဖြစ်ရပ်မှန်အခြေခံ ရိုက်ကူးထားတာပါ။ အဖော်အချွတ်ကို အဓိကပြထားတဲ့ ဇာတ်ကားမျိုးမဟုတ်ပေမယ့် ဖမ်းဆီးချုပ်နှောင်မှုနဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုအကြောင်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း