ဇာတ်ကားများ ရွေးရန်

Half Broken Things

2007ဇာတ်ကားအမှတ် 6.5/10

ဂျင်ဟာ အိမ်စောင့်အလုပ်လုပ်တဲ့ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်ပါ။ တစ်နေ့မှာ စတန်းဒစ်ကေ့လင်မယားရဲ့ ဝေါဒန်အိမ်ကြီးကို စောင့်ရှောက်ဖို့ အလုပ်ရလာပါတယ်။ လှပတဲ့အိမ်ကြီးနဲ့ ကျယ်ဝန်းတဲ့ခြံထဲမှာ နေရင်း ဂျင်က အဲဒီနေရာကို ကိုယ့်အိမ်လို သဘောထားလာပြီး သူ့စိတ်ကြိုက် စီမံနေထိုင်လာတယ်။ တစ်ရက်တော့ မိုက်ကယ်နဲ့ စတပ်ဖ်ဆိုတဲ့ စုံတွဲ အိမ်ကိုရောက်လာပါတယ်။ စတပ်ဖ်က ကိုယ်ဝန်သည်ဖြစ်ပြီး ဂျင်နဲ့ မိုက်ကယ် စကားပြောနေတုန်းမှာပဲ ကလေးမွေးဖို့ ဖြစ်လာလို့ ဂျင်က မွေးပေးခဲ့ရတယ်။ စုံတွဲနှစ်ယောက်နဲ့ ကိုယ်တိုင်မွေးပေးခဲ့တဲ့ ကလေးကို သံယောဇဉ်တွယ်သွားတဲ့ ဂျင်ဟာ သူတို့ကို အိမ်ကြီးမှာပဲ နေဖို့ ပြောလိုက်ပါတယ်။ အဲဒီနောက် ဝေါဒန်အိမ်ကြီးမှာ နေထိုင်ကြတဲ့ သူတို့လေးယောက်ရဲ့ဘဝမှာ ပြဿနာတွေ စလာတော့တယ်။ ၂၀၀၇ ခုနှစ်ထွက် ဒရာမာနဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီး စာရေးဆရာ Morag Joss ရဲ့ CWA Silver Dagger ဆုရ Half Broken Things စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကြောင်း