A1 Express
Naidu ဟာ ပျော်ပျော်နေတတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ဘဝမှာ ပြင်သစ်ကိုသွားဖို့ပဲ ရည်ရွယ်ထားပါတယ်။ ကောလိပ်ကျောင်းအုပ်ဖြစ်တဲ့ ဦးလေးရှိရာ ရာနမ်ကို ရောက်လာချိန်မှာတော့ ဟော်ကီကစားသမား Lavanya Rao ကို သဘောကျသွားပြီး ပိုးပန်းဖို့ ကြိုးစားတော့တယ်။ ဦးလေးကလည်း သူတို့နှစ်ယောက် နီးစပ်ဖို့ အစွမ်းကုန် ကူညီပေးနေပါတယ်။ အကြောင်းကတော့ Naidu ဟာ ငယ်ငယ်က ကြီးလာရင် ဦးလေးရဲ့သမီး Divya ကို ယူမယ်လို့ ပြောထားဖူးလို့ပါ။ သမီးနဲ့ Naidu တို့ အကြောင်းပါသွားမှာကို စိုးရိမ်တဲ့ ဦးလေးဟာ အခုတော့ Lavanya နဲ့ အောင်သွယ်ပေးသူ ဖြစ်လာတယ်။ တစ်ဖက်မှာ Lavanya တို့ ကစားနေတဲ့ သမိုင်းဝင် ချီတာဘာဘူဟော်ကီကွင်းကို ဆေးကုမ္ပဏီအတွက် စက်ရုံဆောက်ဖို့ Tetra Star ကုမ္ပဏီက အားကစားဝန်ကြီးထံ ကမ်းလှမ်းလာပါတယ်။ ဝန်ကြီးကလည်း ကုဋေ ၆၀ ကျော်တောင်းပြီး မြေကိုပေးဖို့ သဘောတူလိုက်တယ်။ ဒါကြောင့် ဟော်ကီနည်းပြ Murali ဟာ တပည့်တွေနဲ့ ဒေသခံတွေရဲ့ အကူအညီယူပြီး ကွင်းကို ကာကွယ်ဖို့ ဆန္ဒဖော်ထုတ်ပါတော့တယ်။ ပိုးပန်းနေတဲ့ Lavanya က ဟော်ကီကစားသမားဖြစ်နေတာကြောင့် Naidu လည်း ဒီနိုင်ငံရေးအရှုပ်အထွေးထဲ ပါဝင်ပတ်သက်လာရပါတယ်။ ဝန်ကြီးရဲ့ လှည့်ကွက်တွေနဲ့ လာဘ်စားမှုတွေကြားမှာ သူတို့တန်ဖိုးထားတဲ့ ကွင်းကို ဘယ်လို လက်တွဲကာကွယ်ကြမလဲ။ Naidu နဲ့ Lavanya ရဲ့ အချစ်ရေးကရော ဒီအရှုပ်အထွေးကြားမှာ အဆင်ပြေလာနိုင်ပါ့မလား။ ဒီအားကစားဒရာမာဇာတ်ကားမှာ Krishna Murali နဲ့ Murali Sharma တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း