ဇာတ်ကားများ ရွေးရန်

How to Please a Woman

2022ဇာတ်ကားအမှတ် 6.6/10107 မိနစ်

ဂျီနာဟာ ရှေ့နေတစ်ယောက်နဲ့ အိမ်ထောင်ကျထားပြီး ရုံးအလုပ်နဲ့ အိမ်သန့်ရှင်းရေးကြားမှာပဲ နေ့ရက်တွေကို ငြီးငွေ့စွာ ဖြတ်သန်းနေရသူပါ။ သူ့အသက် ၅၀ ပြည့်မွေးနေ့မှာတော့ သူငယ်ချင်းတွေက လက်ဆောင်အဖြစ် ကောင်လေးတစ်ယောက်ကို အိမ်ဆီ ပို့ပေးလိုက်ကြတယ်။ ဝန်ဆောင်မှုအတွက် အချိန်နှစ်နာရီရပေမယ့် ဂျီနာကတော့ အိမ်သန့်ရှင်းရေးပဲ လုပ်ခိုင်းလိုက်ပါတယ်။ အဲဒီကောင်လေး သန့်ရှင်းရေးလုပ်ပေးတဲ့ပုံစံကို သဘောကျသွားရာကနေ ဂျီနာ့ဆီမှာ လုပ်ငန်းတစ်ခုစဖို့ အကြံရလာတယ်။ အမျိုးသမီးတွေအတွက် အမျိုးသားတွေက အိမ်သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အသက် ၅၀ ရောက်မှ စလိုက်တဲ့ ဒီအလုပ်က သူ့အတွက် ဘဝလမ်းသစ်ဖြစ်လာမလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ ဒါမှမဟုတ် ရှေ့နေခင်ပွန်းရဲ့ လောင်းရိပ်အောက်ကိုပဲ ပြန်ရောက်သွားမလားဆိုတာကို ဟာသတွေနဲ့ ရောပြီး ဆက်ပြထားပါတယ်။ ဆက်ဆံရေးတစ်ခုမှာ အမျိုးသမီးတွေလည်း သာယာမှုကို တောင်းဆိုပိုင်ခွင့်ရှိသလို ကိုယ့်အားကိုယ်ကိုးပြီး ဘဝသစ်ကို အချိန်မရွေး ရွေးချယ်နိုင်တယ်ဆိုတဲ့ အကြောင်းကို အသားပေးထားတယ်။ လူကြီးတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကွက်နဲ့ အသုံးအနှုန်းတွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း