ဇာတ်ကားများ ရွေးရန်

Wolves of War

2022ဇာတ်ကားအမှတ် 4.9/1087 မိနစ်

ဒုတိယကမ္ဘာစစ် ပြီးခါနီးကာလမှာ ဇာတ်လမ်းစထားပါတယ်။ စစ်ရှုံးတော့မယ့်အခြေအနေကို မြင်လာတဲ့ ဟစ်တလာက နိုင်ငံထဲက လူငယ်တွေကို ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ခိုင်းပြီး ကျူးကျော်လာသူတွေကို တတ်နိုင်သလောက် တိုက်ထုတ်ဖို့ အမိန့်ပေးထားတယ်။ နောက်ဆုံးမျှော်လင့်ချက်အဖြစ် နျူကလီးယားဗုံး တီထွင်ဖို့လည်း သိပ္ပံပညာရှင်တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ အဲဒီသိပ္ပံပညာရှင်ကို ကယ်ထုတ်ဖို့ စနိုက်ပါတစ်ယောက်၊ စစ်သူရဲကောင်းတစ်ယောက်၊ သိပ္ပံကျောင်းသားတစ်ယောက်နဲ့ ဗိုလ်ကြီးတစ်ယောက်တို့ ထွက်လာကြတယ်။ အသက်စွန့်ရနိုင်တဲ့ ကယ်ဆယ်ရေးတာဝန်ကို ထမ်းဆောင်ရမယ့်အထဲမှာ စစ်သူရဲကောင်းက အိမ်လွမ်းဝေဒနာ ခံစားနေရပြီး တွေ့သမျှ လူသေတွေကို သူ့သမီးအဖြစ် မြင်ယောင်နေပါတယ်။

ဇာတ်လမ်းအကြောင်း