Qimen Dark Blade
စုန့်လျောင်ခေတ်မှာ လျှို့ဝှက်အဖွဲ့တစ်ခုဖြစ်တဲ့ ဖုန့်ဟော်တပ်က ထန်ကျီယန်းကို မြို့တော်ဟွမ်ချိန်စီးဆီ သူလျှိုအဖြစ် စေလွှတ်ထားပါတယ်။ ဒါပေမယ့် ထန်ကျီယန်းက ခင်ပွန်းကျိုးချန်အန်းနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဖုန့်ဟော်တပ်က သူ့ခင်ပွန်းကို ဖမ်းဆီးလိုက်တယ်။ ခင်ပွန်းကို ဖမ်းထားပြီး ခြိမ်းခြောက်ကာ မြောက်ပိုင်းက သံတမန်တစ်ယောက်ကို သတ်ဖို့ တာဝန်အသစ် ပေးလာပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်မှာပဲ ဖုန့်ဟော်တပ်က သူ့ရှေ့မှာ ခင်ပွန်းကို သတ်လိုက်တဲ့အတွက် ထန်ကျီယန်းဟာ အဲဒီအဖွဲ့ကို ချေမှုန်းဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ချိန်က ကိုယ်တာဝန်ထမ်းဆောင်ခဲ့တဲ့ လျှို့ဝှက်အဖွဲ့တစ်ခုလုံးကို ပြန်ရင်ဆိုင်ရတော့မယ့် သူ့ရှေ့မှာ ဘယ်လိုအန္တရာယ်တွေ စောင့်နေမလဲ၊ အဲဒါတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ဆက်ပြထားတဲ့ သိုင်းအက်ရှင်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း