ဇာတ်ကားများ ရွေးရန်

Damascus Time

2018ဇာတ်ကားအမှတ် 5.4/10115 မိနစ်

ISIS ရဲ့ ကြီးစိုးမှုကြောင့် ဆီးရီးယားပြည်သူတွေ အကျပ်အတည်းကြုံပြီး အကူအညီလိုအပ်နေချိန်မှာ အီရန်လေယာဉ်မှူးနှစ်ယောက် ကယ်ဆယ်ရေးခရီး ထွက်လာကြပါတယ်။ သူတို့ရဲ့တာဝန်က Palmyra မြို့ထဲ ပိတ်မိနေတဲ့ ပြည်သူတွေကို လေယာဉ်နဲ့ ကယ်ထုတ်ဖို့ပါ။ မြို့ကနေ ပျံတက်လာတဲ့အချိန်အထိ ခရီးစဉ်က အဆင်ပြေနေပေမယ့် လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာ မလိုလားအပ်တဲ့သူတွေ ပါလာပါတယ်။ ၂၀၁၈ ခုနှစ်ထွက် အီရန်အက်ရှင်ဇာတ်ကားဖြစ်ပြီး ကယ်ဆယ်ရေးခရီးအကြောင်းနဲ့အတူ ဘာသာရေးဆိုင်ရာ အယူအဆနဲ့ ယုံကြည်မှုတွေကိုလည်း ထည့်သွင်းထားတယ်။ ကိုးကွယ်ရာတူသူတွေကြားမှာတောင် အစွန်းရောက်ယုံကြည်မှုက ဘယ်လောက်အထိ ဒုက္ခပေးနိုင်သလဲဆိုတဲ့ မေးခွန်းကိုပါ ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း