ဇာတ်ကားများ ရွေးရန်

Lakeview Terrace

2008ဇာတ်ကားအမှတ် 5.9/10110 မိနစ်

အေဘယ်ဟာ သားတစ်ယောက်၊ သမီးတစ်ယောက်ကို တစ်ဦးတည်း ပြုစုစောင့်ရှောက်နေတဲ့ လူမည်းရဲအရာရှိပါ။ စည်းကမ်းတင်းကျပ်ပြီး အပေါက်ဆိုးလွန်းလို့ သားနဲ့သမီးကတောင် သူ့ကို စိတ်ပျက်နေကြတယ်။ သူ့အိမ်ဘေးကို လူဖြူအမျိုးသား ခရစ်နဲ့ လူမည်းအမျိုးသမီး လီဆာတို့ လင်မယား ပြောင်းလာတဲ့အခါမှာတော့ အေဘယ်ရဲ့ အပြုအမူတွေ ပြောင်းလဲလာပါတယ်။ အေဘယ်က လူမည်းနဲ့လူဖြူ တွဲဖက်တဲ့ ဆက်ဆံရေးကို ခါးခါးသီးသီး မုန်းတီးသူဖြစ်နေတယ်။ ဒါကြောင့် ခရစ်နဲ့ လီဆာတို့ ပြောင်းသွားအောင် နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးပါတော့တယ်။ အိမ်နီးချင်းလင်မယားအပေါ် သူ့ရဲ့ လူမျိုးရေးမုန်းတီးမှုက တဖြည်းဖြည်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အကြောင်းကို Samuel L. Jackson နဲ့ Patrick Wilson တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း