ဇာတ်ကားများ ရွေးရန်

Godland

2022ဇာတ်ကားအမှတ် 7.0/10143 မိနစ်

၁၉ ရာစုမှာ ဘုန်းတော်ကြီးလူးကပ်စ်ဟာ အိုက်စလန်မှာ သာသနာပြုဖို့နဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ဆောက်လုပ်ဖို့ တာဝန်ပေးခံရပါတယ်။ သဲပြင်တွေ၊ တောင်တန်းတွေနဲ့ ရေခဲမြစ်တွေရှိတဲ့ အဲဒီဒေသဆီ သူ့ရဲ့သာသနာပြုခရီး စတင်လာခဲ့တယ်။ လူးကပ်စ် သွားရမယ့်နေရာက ဒေသခံမဟုတ်သူတစ်ယောက်အတွက် နေထိုင်ရလွယ်တဲ့အရပ်တော့ မဟုတ်ပါဘူး။ တချို့ရာသီတွေမှာ နေမဝင်ဘဲ အလင်းရောင်ရှိနေတာကြောင့် နေ့နဲ့ည ခွဲရခက်ပြီး အိပ်စက်ဖို့တောင် အဆင်မပြေနိုင်ဘူး။ ဒီလိုသဘာဝပတ်ဝန်းကျင်နဲ့ နေသားကျအောင် ကြိုးစားရင်း လူးကပ်စ်တစ်ယောက် သူ့ကိုပေးထားတဲ့ သာသနာပြုတာဝန်ကို ထမ်းဆောင်ရမှာပါ။

ဇာတ်လမ်းအကြောင်း