Pacifiction
ပြင်သစ်ပေါ်လီနီးစီးယားက ကျွန်းတစ်ကျွန်းမှာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဒီရိုလာဟာ အရည်အချင်းရှိသူတွေကို အခွင့်အရေးပေးပြီး အကူအညီလိုသူတွေကိုလည်း ကူညီတတ်သူပါ။ အေးအေးဆေးဆေးရှိတဲ့ ကျွန်းမြို့လေးမို့ ကြီးမားတဲ့ပြဿနာ ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြဘူး။ ဒါပေမဲ့ ကျွန်းပေါ်မှာ နျူကလီးယားစမ်းသပ်မှု လုပ်တော့မယ်ဆိုတဲ့ သတင်းသဲ့သဲ့ ထွက်လာပါတယ်။ အဲဒီအချိန်မှာပဲ မြို့နားကို ရေတပ်သားတွေ ရုတ်တရက်ရောက်လာပြီး စစ်တပ်ရဲ့လှုပ်ရှားမှုတွေပါ တွေ့လာရတော့ ဒီရိုလာအတွက် ခေါင်းခဲစရာ ဖြစ်လာတယ်။ တစ်ဖက်မှာ အစိုးရအရာရှိကြီးတွေ၊ တစ်ဖက်မှာတော့ ဩဇာအာဏာမရှိတဲ့ ကျွန်းနေပြည်သူတွေ ရှိနေပါတယ်။ သူတို့ကြားက နိုင်ငံရေးအင်အားပြိုင်ဆိုင်မှုထဲ ဝင်ပါမိတဲ့ ဒီရိုလာဟာ အမှားမခံတဲ့ ဆုံးဖြတ်ချက်တွေ ချရတော့မယ်။ Albert Serra ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ နိုင်ငံရေးနောက်က အာဏာပြိုင်ဆိုင်မှုတွေနဲ့ အကျိုးအမြတ်အတွက်ဆို သူတစ်ပါး ဘာဖြစ်ဖြစ် ဂရုမစိုက်တော့တဲ့ လောဘစိတ်တွေကိုလည်း ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း