ဇာတ်ကားများ ရွေးရန်

My Broken Mariko

2022ဇာတ်ကားအမှတ် 6.5/1085 မိနစ်

မာရီကိုရဲ့ဘဝမှာ စိတ်ဓာတ်ကျရတာတွေ၊ စွန့်ပစ်ခံရတာတွေနဲ့ စော်ကားခံရတာတွေ ပြည့်နေပါတယ်။ သူ့ဘက်ကနေ ရပ်တည်ပေးသူဆိုလို့ တစ်ဦးတည်းသော ငယ်သူငယ်ချင်း တိုမိုယိုရှီနိုပဲ ရှိတယ်။ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ဟာလည်း နက်ရှိုင်းလှပါတယ်။ တစ်နေ့မှာ မာရီကို သေဆုံးသွားပြီဆိုတဲ့သတင်းကို ရှီနို ကြားလိုက်ရတယ်။ အချစ်ဆုံးသူငယ်ချင်း ဆုံးရှုံးသွားလို့ တုန်လှုပ်ရသလို မာရီကိုကို အမှောင်ထဲကနေ ရုန်းထွက်နိုင်အောင် မကူညီပေးနိုင်ခဲ့ဘူးဆိုတဲ့ ခံစားချက်လည်း ရှိနေပါတယ်။ နောက်ဆုံးမှာတော့ မာရီကိုရဲ့အရိုးပြာတွေကို နောက်ဆုံးခရီးတစ်ခုမှာ လွတ်မြောက်ခွင့်ပေးဖို့ ရှီနို စိတ်ဆုံးဖြတ်လိုက်တယ်။ မိန်းကလေးနှစ်ယောက်ရဲ့ သံယောဇဉ်အကြောင်းကို ကာတွန်းစာအုပ်ကနေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း