ဇာတ်ကားများ ရွေးရန်

Losing Addison

2022ဇာတ်ကားအမှတ် 8.0/1090 မိနစ်

လက်စ်ဟာ လူသတ်မှုတစ်ခုနဲ့ပတ်သက်ပြီး တရားခွင်မှာ စစ်မေးခံနေရပါတယ်။ သူ့ခေါင်းမှာ ဒဏ်ရာရထားပြီး မှတ်ဉာဏ်တွေလည်း ပျောက်ဆုံးနေတယ်။ အမွှာညီ အက်ဒီဆန်ကလည်း ပျောက်နေတော့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ သူ ဘယ်လိုမှ ပြန်စဉ်းစားလို့ မရပါဘူး။ အက်ဒီဆန်နဲ့ လက်စ်တို့ဟာ အမွှာတွေဖြစ်ပေမဲ့ အသွင်အပြင်နဲ့ အမူအကျင့်တွေ ကွာခြားကြပါတယ်။ မွေးကတည်းက အတူစား၊ အတူသွားလာခဲ့ကြလို့ နှစ်ယောက်ကြားမှာတော့ ခိုင်မာတဲ့သံယောဇဉ် ရှိတယ်။ မိဘတွေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ မိဘတွေရဲ့လောင်းရိပ်က လွတ်လာချိန်မှာလည်း ညီအစ်ကိုချင်း အမုန်းမပွားဘဲ ဆက်ချစ်နေခဲ့ကြတာပါ။ ဇာတ်လမ်းက လက်စ်ရဲ့မှတ်ဉာဏ်တွေနဲ့ ညီအစ်ကိုနှစ်ယောက်ကြားက ဆက်နွှယ်မှုကို တစ်စချင်း ဖော်ပြလာပါတယ်။ ခွဲမရအောင် ရင်းနှီးခဲ့တဲ့ သူတို့နှစ်ယောက် ဘယ်လိုလုပ်ပြီး ဒီအခြေအနေ ရောက်လာတာလဲ။ အက်ဒီဆန်က ဘယ်မှာပျောက်နေတာလဲ၊ လက်စ်ကရော မှတ်ဉာဏ်တွေ ပြန်ရပြီး အဖြစ်မှန်ကို သိလာနိုင်မလား။

ဇာတ်လမ်းအကြောင်း