Heart of the Gun
အမေရိကန်တပ်သား ဂျက်ထရီဗာဟာ သူ့ဇနီးကို ရှာဖို့ တပ်ကနေ ထွက်ပြေးလာပါတယ်။ ဇနီးအပေါ် စိတ်နာနေတဲ့သူက တွေ့တာနဲ့ သတ်ပစ်မယ်လို့တောင် ကြိမ်းဝါးထားတယ်။ အချိန်အတော်ကြာ လိုက်ရှာပြီးတဲ့နောက် လူအုပ်စုလိုက် အသတ်ခံထားရတဲ့ စခန်းတစ်ခုဆီ ရောက်လာခဲ့ပါတယ်။ အဲဒီမှာ အသက်ရှင်ကျန်နေတဲ့ ဆာရာဆိုတဲ့ မိန်းကလေးကို တွေ့လိုက်ရတယ်။ သူ့မျက်နှာမှာ ဓားခြစ်ဒဏ်ရာတွေ ရထားပါတယ်။ ထရီဗာက ဆာရာကို ကယ်တင်ပေးပြီး နှစ်ယောက်အတူ အနောက်ပိုင်းဆီ ခရီးဆက်ခဲ့ကြတယ်။ ဆာရာက သူ့နေရာကို ပြန်ဖို့ဖြစ်ပြီး ထရီဗာကတော့ ဇနီးကို ဆက်ရှာဖို့ပါ။ ဒါပေမဲ့ ကိုယ့်ပန်းတိုင်ကိုယ် မရောက်ကြသေးခင် သူတို့နောက်ကို လိုက်လာသူတွေ ရှိနေပြီ။ အသက်ရှင်ကျန်ခဲ့တဲ့ ဆာရာနောက်ကို အင်ဒီးယန်းတွေ လိုက်လာသလို ထရီဗာနောက်ကိုလည်း တပ်ဘက်က လိုက်လာပါတယ်။ ပြဿနာတွေ တစ်ခုပြီးတစ်ခု ကြုံနေရတဲ့ကြားမှာ ထရီဗာက ဆာရာကို စောင့်ရှောက်နိုင်ပါ့မလား။ သူလိုက်ရှာနေတဲ့ ဇနီးနဲ့ရော ပြန်တွေ့နိုင်မလား။
ဇာတ်လမ်းအကြောင်း