Uncle Boonmee Who Can Recall His Past Lives
ကျောက်ကပ်ပျက်စီးပြီး အသက်ဆုံးခါနီးနေတဲ့ လူတစ်ယောက်ဆီကို သေဆုံးသွားပြီဖြစ်တဲ့ ဇနီး ပြန်ရောက်လာပါတယ်။ ပျောက်ဆုံးနေခဲ့တဲ့ သားလည်း လူဝံအသွင်နဲ့ ပြန်ပေါ်လာတယ်။ သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ ဒီလိုပြန်ဆုံကြရာက ဇာတ်လမ်းစထားတဲ့ ထိုင်းစိတ်ကူးယဉ်ဒရာမာကားပါ။ ဇာတ်လမ်းထဲမှာ သာမန်အဖြစ်အပျက်လို အလွယ်တကူ ရှင်းပြလို့မရတဲ့ ပြကွက်တွေ ပါပါတယ်။ ကောင်လေးတစ်ယောက်နဲ့ အမျိုးသမီးကြီးတစ်ယောက် တီဗီအတူကြည့်နေရာက အပြင်ထွက်ပြီး မုန့်သွားစားကြပေမယ့် အခန်းထဲမှာလည်း သူတို့နှစ်ယောက် တီဗီဆက်ကြည့်နေကြတယ်။ နောက်တစ်ခန်းမှာတော့ ရေထဲဆင်းသွားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သာမန်ငါးခူလို့ မထင်ရတဲ့ ငါးတစ်ကောင်ကြားက လိင်ပိုင်းဆိုင်ရာသဘောပါတဲ့ ထူးခြားတဲ့ မြင်ကွင်းကို ပြထားပါတယ်။ ဒီပြကွက်တွေကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာ ကြည့်သူရဲ့ အမြင်ပေါ် မူတည်နေတယ်။ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆု Palme d'Or ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာက Apichatpong Weerasethakul ပါ။ သူဟာ Memoria၊ Tropical Malady နဲ့ Cemetery of Splendor တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း