ဇာတ်ကားများ ရွေးရန်

Bandit

2022ဇာတ်ကားအမှတ် 6.2/10126 မိနစ်

၁၉၇၀ ကျော်က ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရာဇဝတ်မှုဇာတ်လမ်းပါ။ နည်းပညာ မတိုးတက်သေးဘဲ အမေရိကန်နိုင်ငံ စီးပွားရေးကျပ်တည်းနေတဲ့ကာလမှာ Robert ဟာ ပြစ်မှုတစ်ခုကြောင့် မီရှီဂန်အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံရပါတယ်။ ဒါပေမယ့် သူက ထောင်ဖောက်ထွက်လာပြီး ကနေဒါကို ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ ကနေဒါကို ရောက်သွားတဲ့အခါ အဲဒီကဘဏ်တွေဟာ အမေရိကန်က ဘဏ်တွေလို လုံခြုံရေးမတင်းကျပ်ဘူးဆိုတာ သူသတိထားမိလာတယ်။ အဲဒီကနေ ဘဏ်ဓားပြတိုက်တာကို စလုပ်တော့တာပါပဲ။ ဘဏ်ပေါင်း ၅၉ ခုကို ဓားပြတိုက်ခဲ့ပြီး နောက်ပိုင်းမှာ လက်ဝတ်ရတနာဆိုင်တွေကိုပါ ပစ်မှတ်ထားလာတဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ အလိုအရှိဆုံး ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံရပါတယ်။ ဓားပြမတိုက်ခင် Robert ဘာတွေပြင်ဆင်သလဲ၊ ဘဏ်တွေနဲ့ ရတနာဆိုင်တွေကို ဘယ်လိုဝင်တိုက်သလဲဆိုတာအပြင် ကနေဒါရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေလာတဲ့အခါ လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုပါ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း