Red Dawn
ကမ္ဘာတစ်ဝှမ်း စီးပွားပျက်ကပ်ကြုံနေရပြီး အမေရိကန်အပါအဝင် အနောက်အုပ်စုနဲ့ မြောက်ကိုရီးယားကြား အခြေအနေတင်းမာနေတဲ့အချိန်ပါ။ ရေတပ်သားဂျက်က ခွင့်ရက်ရလို့ အဖေနဲ့ ညီရှိတဲ့အိမ်ကို ခဏပြန်လာတယ်။ အဲဒီအချိန်မှာပဲ တစ်မြို့လုံး ပုံမှန်မဟုတ်ဘဲ မီးပျက်သွားပြီး နောက်နေ့မနက်မှာ မြောက်ကိုရီးယားစစ်သားတွေ မြို့ထဲကို လေကြောင်းကနေ ကျူးကျော်ဝင်လာနေတာကို သိလိုက်ရပါတယ်။ ဂျက်က ညီဖြစ်သူနဲ့ သူငယ်ချင်းလူငယ်တစ်စုကို ခေါ်ပြီး တောထဲကအိမ်တစ်လုံးမှာ သွားပုန်းနေတယ်။ ဒါပေမယ့် ဒီအခြေအနေကို မခံမရပ်နိုင်ကြတဲ့အဆုံး ပြန်လည်တော်လှန်ဖို့ ရွေးချယ်လိုက်ကြပါတယ်။ သူတို့ရဲ့ တော်လှန်ရေးမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ အောင်မြင်နိုင်ပါ့မလားဆိုတာ ဆက်သွားမယ့် ဇာတ်လမ်းပါ။ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Chris Hemsworth ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၈၄ ခုနှစ်က Red Dawn ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း