Move to Mind
ဂျောင်ဘိုယောင်းဟာ ပျော်ချင်တိုင်း ပျော်ရွှင်ရယ်မောလို့မရတဲ့ ကောင်မလေးတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက ခံစားနေရတဲ့ ရောဂါကို ဇာတ်လမ်းထဲမှာတော့ “ခံစားချက်ရောဂါ” လို့ ခေါ်ထားတယ်။ အရမ်းပျော်ရွှင်ပြီး ခံစားချက်တွေ ပြင်းထန်လာရင် အသက်အန္တရာယ်ရှိနိုင်တာကြောင့် နေရာကောင်းတွေ သွားလည်ဖို့နဲ့ သီချင်းကောင်းတွေ နားထောင်ဖို့တောင် သူ့မှာ အခွင့်မရှိခဲ့ပါဘူး။ တစ်နေ့မှာတော့ ဆင်းရဲပေမယ့် ဘက်စုံထူးချွန်တဲ့ ချွဲချောလ်ဂီဆိုတဲ့ ကောင်လေးနဲ့ အမှတ်မထင် ဆုံမိကြတယ်။ နှစ်ယောက်ကြား ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့အခါ ဂျောင်ဘိုယောင်းအတွက် ဘဝကို ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ပျော်ရွှင်ကြည်နူးမှုကိုတောင် စိတ်တိုင်းကျ မခံစားနိုင်တဲ့သူဟာ ချောလ်ဂီနဲ့ ပျော်ပျော်ရွှင်ရွှင် လက်တွဲနိုင်ပါ့မလား။ သာမန်လူတစ်ယောက်လို နေထိုင်ရမယ့် အခွင့်အရေးမျိုးရော ရလာနိုင်မလား။ ဒီအချစ်ဇာတ်ကားမှာ Choi Woong နဲ့ Hong Soo-Ah တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Choi Woong ဟာ Descendants of the Sun နဲ့ Goblin တို့မှာလည်း ဇာတ်ပို့အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။
ဇာတ်လမ်းအကြောင်း