ဇာတ်ကားများ ရွေးရန်

Hart's War

2002ဇာတ်ကားအမှတ် 6.4/10125 မိနစ်

ဒုတိယကမ္ဘာစစ်ကာလ တပ်သားစုဆောင်းရေးမှာ ဥပဒေဒုတိယနှစ်ကျောင်းသား သောမတ်စ်ဟာ့တ်လည်း ပါဝင်သွားပါတယ်။ အဖေက တပ်ထဲမှာ ထူးချွန်တဲ့ အရာရှိကြီးတစ်ယောက်ဖြစ်ပေမယ့် ဟာ့တ်ကိုယ်တိုင်ကတော့ စစ်ပွဲနဲ့ အကျွမ်းတဝင်မရှိဘဲ လက်ဖ်တင်နင်ဘဝနဲ့ပဲ ကျေနပ်နေသူပါ။ တစ်နေ့ အထက်အရာရှိတစ်ယောက်ကို လိုက်ပို့ရင်း ဂျာမန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ အဲဒီနောက် ဟာ့တ်ဟာ စစ်သုံ့ပန်းစခန်းကို ရောက်သွားပြီး Bruce Willis သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်တို့နဲ့ ဆုံတွေ့ရပါတယ်။ အဲဒီကနေ သုံ့ပန်းဘဝမှာ သူကြုံရမယ့် ပြဿနာတွေအကြောင်း ဆက်ပြထားတယ်။ အပြင်လောကမှာတင်မက စစ်တပ်အတွင်းမှာပါ ရှိနေတဲ့ လူဖြူ၊ လူမည်း ဆက်ဆံရေးကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ Bruce Willis နဲ့ Collin Ferrell တို့ ပါဝင်ထားတဲ့ စစ်ဒရာမာကားပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းလို့ အပြည့်အဝမဆိုနိုင်ပေမယ့် စာရေးဆရာ John Katzenbach က အဖေဖြစ်သူ Nicholas ရဲ့ စစ်တွင်းအတွေ့အကြုံတွေကို မှီငြမ်းထားပါတယ်။

ဇာတ်လမ်းအကြောင်း