Hilma
ဆွီဒင်ပန်းချီဆရာမ ဟာမားအက်ဖ်ကလင့်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိဇာတ်ကားပါ။ စိတ်ကူးယဉ်ပန်းချီတွေနဲ့ လူသိများတဲ့ ဟာမားက သူ့အနုပညာအတွက် အတွေးအခေါ်တွေကို ဝိညာဉ်တွေဆီက ရတယ်လို့ ဆိုပါတယ်။ ပန်းချီဆိုရင် လက်တွေ့ဆန်တဲ့ ရှုခင်းပုံတွေကိုပဲ သိကြသေးတဲ့ခေတ်မှာ သူ့စကားကို လူတွေက ယုံဖို့ခက်နေကြတယ်။ ဟာမား ဘယ်လိုပန်းချီဆွဲချင်လာသလဲဆိုတာကနေ သူ့အချစ်ရေးနဲ့ အနုပညာလုပ်ရင်း ကြုံရတဲ့ အခက်အခဲတွေအထိ ဇာတ်လမ်းထဲမှာ ပါဝင်ပါတယ်။ သူပြောတဲ့ ဝိညာဉ်လောကက တကယ်ရှိသလား၊ သူ့လက်ရာတွေကို လူတွေ အသိအမှတ်ပြုကြသလား၊ အခက်အခဲတွေကြားမှာ အိပ်မက်တွေကို လက်လျှော့မလား၊ အကောင်အထည်ဖော်နိုင်မလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ သူ့ပန်းချီကားတွေကိုလည်း ထည့်သွင်းပြထားပါတယ်။
ဇာတ်လမ်းအကြောင်း