ဇာတ်ကားများ ရွေးရန်

Dune

2021ဇာတ်ကားအမှတ် 7.8/10155 မိနစ်4K

အနာဂတ်နှစ်ပေါင်း ၂၀၀၀၀ ကျော်ကာလကို အခြေခံထားတဲ့ Dune ရဲ့ ကမ္ဘာမှာ Known Universe ကို Emperor က အုပ်ချုပ်ပြီး သူ့လက်အောက်က အိမ်တော်အသီးသီးက နယ်မြေတွေကို ခွဲဝေအုပ်ချုပ်ကြပါတယ်။ ဇာတ်လမ်းကတော့ House Harkonnen က နှစ်ပေါင်း ၈၀ ကြာ အုပ်ချုပ်လာတဲ့ Arrakis ဂြိုဟ်ကို Emperor ရဲ့အမိန့်နဲ့ House Atreides ဆီ လွှဲပေးရတဲ့နေရာက စပါတယ်။ Arrakis ကို Dune လို့လည်း ခေါ်ကြတယ်။ Harkonnen တွေအတွက်တော့ ဒီဂြိုဟ်ကို လွယ်လွယ်နဲ့ လက်လွှတ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ အကြောင်းက Arrakis တစ်နေရာတည်းမှာပဲ တူးဖော်ရရှိနိုင်တဲ့ Spice ကြောင့်ပါ။ Spice ဟာ စိတ်အာရုံနိုးကြားစေပြီး အသိဉာဏ်တိုးပွားစေသလို ကျန်းမာအသက်ရှည်စေနိုင်တဲ့ အဖိုးတန်အရာဖြစ်ပါတယ်။ အဲဒါကို တူးဖော်ခွင့်ရတဲ့ အိမ်တော်ဟာ Emperor ထက်တောင် ပိုချမ်းသာလာနိုင်တာမို့ Arrakis က နိုင်ငံရေးအရရော စီးပွားရေးအရပါ အရေးပါတဲ့ ဂြိုဟ်ဖြစ်နေတယ်။ ဒီဂြိုဟ်ကို လွှဲယူလိုက်ရတဲ့ Atreides တွေဟာ Harkonnen တွေရဲ့ ဒုက္ခပေးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ။ Emperor နဲ့ တခြားအိမ်တော်တွေဘက်က ရန်စလာရင်ရော ခံနိုင်ရည်ရှိပါ့မလား။ အိမ်တော်ရဲ့အနာဂတ်၊ The One အဖြစ် တင်စားခံရတဲ့ သားတော် Paul ကလည်း Atreides တွေကို ဘယ်လောက်အထိ ဦးဆောင်ပေးနိုင်မလဲဆိုတာ ဆက်ပြထားပါတယ်။ Frank Herbert ရဲ့ Dune စာအုပ်တွဲတွေကို မှီငြမ်းထားတဲ့ ၂၀၂၁ ခုနှစ် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်ပြီး Timotheé Chalamet၊ Zendaya နဲ့ Oscar Issac တို့ ပါဝင်ပါတယ်။ Hans Zimmer ရဲ့ နောက်ခံတေးဂီတနဲ့ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကိုလည်း အသုံးပြုထားပါတယ်။

ဇာတ်လမ်းအကြောင်း