FIR
ဓာတုအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီဖန်အာမက်ဟာ မွတ်စလင်ဖြစ်တာကြောင့် နေရာတကာမှာ ခွဲခြားနှိမ့်ချခံနေရပါတယ်။ တစ်နေ့တော့ အလုပ်ကိစ္စတစ်ခု ပြီးလို့ လေဆိပ်ကနေ အိမ်ပြန်ဖို့လုပ်နေတုန်း သူ့ဖုန်း ပျောက်သွားတယ်။ လေဆိပ်ရဲတွေက ဖုန်းကို ရှာမပေးတဲ့အပြင် လေယာဉ်ပေါ်တက်ခွင့်ပါ မပေးတော့ အီဖန် စိတ်တိုသွားပြီး သူ့ကို ဗုံးခွဲမယ့်သူများ မှတ်နေလို့လားဆိုတဲ့စကား ပြောမိသွားပါတယ်။ အဲဒီစကားကြောင့် ဖမ်းဆီးစစ်ဆေးခံရပေမယ့် အပြစ်မတွေ့တာနဲ့ ပြန်လွှတ်ပေးကြတယ်။ ဒါပေမယ့် သူ့ကို ပြန်လွှတ်နေတုန်းမှာပဲ လေဆိပ်မှာ ဗုံးတစ်လုံး တကယ်ပေါက်ကွဲသွားပါတယ်။ ပိုဆိုးတာက ဗုံးကို ထိန်းချုပ်ဖို့ သုံးထားတဲ့ဖုန်းဟာ အီဖန်ရဲ့ ပျောက်သွားတဲ့ဖုန်း ဖြစ်နေတာပါ။ ဒီတစ်ခါမှာတော့ သူ့ကို အိုင်အက်စ်အဖွဲ့ဝင်အဖြစ် ဖမ်းဆီးလိုက်ကြပါတော့တယ်။ ပျောက်သွားတဲ့ဖုန်းက ဗုံးဖောက်ခွဲမှုမှာ ဘယ်လိုပါသွားတာလဲ၊ အီဖန်ကရော တကယ်ပဲ အကြမ်းဖက်အဖွဲ့ဝင်လားဆိုတဲ့ မေးခွန်းတွေကနေ ဇာတ်လမ်းဆက်သွားပါတယ်။ တိုက်ခိုက်တဲ့အခါ လူတွေ အဝေးကြီးလွင့်ထွက်သွားတဲ့ အလွန်အကျွံအက်ရှင်မျိုးကို လျှော့ထားတဲ့ ၂၀၂၂ ခုနှစ် တမီးလ်သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း