ဇာတ်ကားများ ရွေးရန်

Raees

2017ဇာတ်ကားအမှတ် 6.7/10143 မိနစ်

၁၉၈၀ နဲ့ ၁၉၉၀ ကြားကာလ၊ အရက်ရောင်းဝယ်မှုကို ပိတ်ပင်ထားတဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှာ ဇာတ်လမ်းစထားပါတယ်။ အရက်မှောင်ခိုလုပ်ငန်းတွေ ကြီးထွားနေတဲ့ ဒီဒေသမှာ ရာအီးစ်ဟာ ငယ်စဉ်ကတည်းက မှောင်ခိုလောကနဲ့ ရင်းနှီးလာသူပါ။ အရွယ်ရောက်လာတော့ လုပ်ငန်းအကြီးအကျယ် လုပ်ကိုင်တဲ့ မှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်လာပါတယ်။ ဒုစရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်နေပေမယ့် မွေးရပ်မြေကို ထောက်ပံ့ကူညီပေးတာကြောင့် ဒေသခံတွေကတော့ ရာအီးစ်ကို သဘောကျကြတယ်။ သူ့လုပ်ရပ်တွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ကြိုးစားနေသူက ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါပါ။ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူဆိုးဂိုဏ်းသားတွေကို တကယ်လိုက်ဖမ်းတဲ့ ရဲအရာရှိနဲ့ ပြည်နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုးစားလာတဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့လာကြပါတယ်။ ရဲအရာရှိရဲ့လက်ကနေ ရာအီးစ် လွတ်မြောက်နိုင်မလား၊ သူ့ကိုချစ်ကြတဲ့ ဒေသခံတွေကြားမှာ သူ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်တွေ့ရမှာပါ။ ရာအီးစ်ရဲ့ ငယ်ဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဖြတ်သန်းခဲ့ပုံကို အက်ရှင်ခန်းတွေ၊ သီဆိုကခုန်မှုတွေနဲ့အတူ တင်ပြထားပါတယ်။ ရာအီးစ်အဖြစ် ရှရွတ်ခန်း၊ အစီရာအဖြစ် မဟီရာခန်းနဲ့ ရဲအရာရှိအဖြစ် နာဝါဇူဒင်ဆင်ဒီကွီတို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း