ဇာတ်ကားများ ရွေးရန်

The Proposition

2005ဇာတ်ကားအမှတ် 7.0/10104 မိနစ်

တရားဥပဒေစိုးမိုးမှု အားနည်းနေသေးတဲ့ ၁၈၈၀ ပြည့်နှစ်များက ဩစတြေးလျမှာ ဇာတ်အိမ်တည်ထားတဲ့ ဝက်စတန်ဇာတ်ကားပါ။ နာမည်ကျော်ရာဇဝတ်သား Charlie Burns နဲ့ သူ့ညီတို့ကို တစ်ရက်မှာ ရဲတွေက ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ အဲဒီနောက် ရဲဗိုလ်ကြီး Stanley က ချာလီကို အကျပ်ကိုင်ပြီး အပေးအယူတစ်ခု လုပ်ခိုင်းတော့တယ်။ မုဒိမ်းမှု၊ လူသတ်မှုတွေနဲ့ အလိုရှိနေတဲ့ အစ်ကိုဖြစ်သူ Arthur Burns ကို ဖမ်းပေးနိုင်ရင် ချာလီနဲ့ သူ့ညီကို လွှတ်ပေးမယ်၊ မဖမ်းပေးနိုင်ရင်တော့ ညီကို ကွပ်မျက်မယ်ဆိုတဲ့ အပေးအယူပါ။ ချာလီက သဘောတူပြီး သူနဲ့ကွဲကွာနေတဲ့ ဆိုးသွမ်းလှတဲ့အစ်ကိုကို ရှာဖို့ ထွက်လာပါတယ်။ အစ်ကိုကို လိုက်ရှာရတဲ့လမ်းမှာ ဒေသခံတွေနဲ့ ကြေးစားတွေရဲ့ရန်ကိုပါ ရင်ဆိုင်ရတော့တယ်။

ဇာတ်လမ်းအကြောင်း