ဇာတ်ကားများ ရွေးရန်

Moonfall

2022ဇာတ်ကားအမှတ် 6.4/10130 မိနစ်

လဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးတစ်ခုလို့ ယုံကြည်တဲ့ လူငယ်တစ်ယောက်က လရဲ့ပတ်လမ်း ချော်နေကြောင်း သတိထားမိရာက ဇာတ်လမ်းစပါတယ်။ သူယုံကြည်ထားတဲ့ အကြောင်းပြချက်က အပိုလို ၁၁ က လောင်စာကန်အလွတ်ကို လမျက်နှာပြင်ပေါ် ပစ်ချခဲ့စဉ် တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့လို့ လရဲ့အတွင်းဘက်က ဗလာဖြစ်ရမယ်ဆိုတဲ့ အယူအဆပါ။ လပတ်လမ်းချော်နေတဲ့အကြောင်း နာဆာကို သတိပေးဖို့ ကြိုးစားပေမယ့် သူ့စကားကို နားမထောင်ကြပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ်ပြိုကျဖို့ ခန့်မှန်းခြေ သုံးပတ်ပဲ ကျန်တော့တဲ့အချိန်ကို ရောက်လာပါတယ်။ လက ကမ္ဘာကို ဝင်တိုက်နိုင်တဲ့အန္တရာယ်အပြင် ပိုရှုပ်ထွေးတဲ့ အကြောင်းအရာတွေပါ ဆက်ပေါ်လာတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ဇာတ်ကားပါ။ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Roland Emmerich ရဲ့ လက်ရာဖြစ်ပါတယ်။ Patrick Wilson၊ Halle Berry နဲ့ John Bradley တို့က အဓိကပါဝင်ပြီး Kelly Yu လည်း သရုပ်ဆောင်ထားပါတယ်။ သိပ္ပံသီအိုရီတွေ၊ သိပ္ပံယုံတမ်းစကားတွေနဲ့ စိတ်ကူးဆန်းတွေကို ရောနှောအသုံးပြုထားပါတယ်။

ဇာတ်လမ်းအကြောင်း