ဇာတ်ကားများ ရွေးရန်

The Legend of Zhao Yun

2021ဇာတ်ကားအမှတ် 2.0/1096 မိနစ်

ဟန်မင်းဆက် ပျက်သုဉ်းနေပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ ကျောက်ယွင်၊ တစ်နည်းအားဖြင့် ကျောက်ကျီလုံက စစ်သူကြီးမလုပ်ချင်ခဲ့ပါဘူး။ မျက်စိမမြင်တဲ့ မရီးကိုပဲ စောင့်ရှောက်ချင်တာကြောင့် ရွာကိုပြန်လာခဲ့ပါတယ်။ ဒါပေမယ့် စစ်ပွဲရဲ့ရိုက်ခတ်မှုကနေ ရှောင်မလွတ်ခဲ့ဘဲ မရီးဆုံးသွားသလို သူကိုယ်တိုင်လည်း သေလုမျောပါးဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူ့ကို ကယ်တင်ပေးခဲ့သူက လျိုပေ့ရဲ့ဇနီးပါ။ ကျောက်ကျီလုံဟာ သူ့အသက်ကိုကယ်ခဲ့တဲ့ လျိုပေ့ရဲ့ဇနီးကို ကျေးဇူးရှင်အဖြစ် အလွန်လေးစားလို့ မရီးလို့တောင် မခေါ်ဝံ့ခဲ့ပါဘူး။ နောက်တော့ ကျေးဇူးရှင်သခင်မနဲ့ လျိုပေ့ရဲ့ကလေးငယ်တို့ ချောင်ချောင်ရဲ့လက်ထဲ ပိတ်မိသွားကြပါတယ်။ သူတို့ကို ကျောက်ကျီလုံ ဘယ်လိုအစွမ်းကုန် ကြိုးစားကယ်တင်မလဲ၊ ချောင်ချောင်ကရော ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆက်ပြထားပါတယ်။ ကျောက်ကျီလုံက လျိုပေ့ရဲ့ဇနီးနဲ့ကလေးကို ကယ်တင်တဲ့အကြောင်းကို အဓိကထား ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ စစ်အက်ရှင်ဇာတ်ကားပါ။ လွီပုနဲ့ သောင်းချန်တို့ရဲ့အချစ်ကိုလည်း ဖော်ပြထားပြီး ချောင်ချောင်ရဲ့ ကြီးမားတဲ့ရည်မှန်းချက်ကို အကောင်းဘက်ကနေ မြင်နိုင်အောင် တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း