The Reader
ဟန်နာရှမစ်ဟာ စာမတတ်သူတစ်ယောက်ဖြစ်ပြီး နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အဲဒီမှာ ဂျူးတွေကို သတ်ဖို့ လူရွေးချယ်ပေးရတဲ့အလုပ်ကို လုပ်ခဲ့သူပါ။ စစ်ကြီးပြီးသွားတဲ့အခါ သူလုပ်ခဲ့တဲ့အမှုတွေအတွက် တရားရုံးမှာ အစစ်ဆေးခံရပါတော့တယ်။ စာနဲ့ပေနဲ့တကွ ရှင်းလင်းဖြေဆိုရတဲ့ တရားရုံးမှာ စာမတတ်တဲ့ဟန်နာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ဆက်ပြထားပါတယ်။ ပြစ်မှုအတွက် တာဝန်ယူရခြင်းအကြောင်းနဲ့အတူ အချစ်နဲ့အလွမ်းပါ ရောနှောထားတဲ့ ဒရာမာရုပ်ရှင်ပါ။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့ The Reader ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဟန်နာအဖြစ် သရုပ်ဆောင်တဲ့ ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အချစ်ခန်းအချို့ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း