ဇာတ်ကားများ ရွေးရန်

Kiss of Death

1995ဇာတ်ကားအမှတ် 5.6/10101 မိနစ်

ဂျင်မီကင်မာတင်က ဒုစရိုက်လောကကို ကျောခိုင်းပြီး မိသားစုနဲ့ အေးအေးချမ်းချမ်း နေထိုင်နေသူပါ။ ဒါပေမဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုအတွက် အကူအညီလာတောင်းတဲ့အခါ မငြင်းနိုင်ဘဲ ဝင်ကူမိတယ်။ အဲဒီကနေ အလွဲအချော်တွေ ဖြစ်ကုန်ပြီး ကင်မာတင်တစ်ယောက် ထောင်ကျသွားပါတော့တယ်။ ထောင်ကထွက်လာတဲ့အခါ ကောင်းကောင်းမွန်မွန် ပြန်နေထိုင်နိုင်ဖို့ ကင်မာတင်က ရဲတွေနဲ့ အပေးအယူလုပ်ပါတယ်။ သူလုပ်ပေးရမှာက လူဆိုးခေါင်းဆောင်တစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ပါ။ ဒီအမှုအကြောင်းနဲ့အတူ ငွေကြေးနဲ့ အာဏာက ဥပဒေရေးရာတွေထဲ ဘယ်လိုဝင်ပါနေသလဲ၊ ရာထူးအာဏာအတွက် ဥပဒေကို ဘယ်လိုလက်တစ်လုံးခြားလုပ်ကြသလဲဆိုတာကိုလည်း တင်ပြထားပါတယ်။ Samuel L. Jackson၊ Nicolas Cage၊ David Caruso၊ Stanley Tucci၊ Helen Hunt နဲ့ Kathryn Erbe တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း