Lifemark
ဒေးဗစ်က ကျောင်းမှာ သူငယ်ချင်းတွေချစ်ခင်ကြသလို အိမ်မှာလည်း မိဘတွေရဲ့ အလိုလိုက်ဂရုစိုက်မှုနဲ့ ကြီးပြင်းလာသူပါ။ သူများတွေအားကျရတဲ့ နွေးထွေးတဲ့မိသားစုကို ပိုင်ဆိုင်ထားပေမယ့် သူ့မှာ ပြောပြဖို့ မဝံ့မရဲဖြစ်နေတဲ့ အကြောင်းတစ်ခုရှိတယ်။ အဲဒါကတော့ သူဟာ မွေးစားခံထားရတဲ့ သားတစ်ယောက်ဖြစ်နေတာပါ။ တစ်နေ့မှာ မွေးမိခင် မီလီဆာက ဒေးဗစ်ဆီ ဆက်သွယ်လာပါတယ်။ ဒေးဗစ်က မွေးစားမိဘတွေကို အရမ်းချစ်သလို မိဘအရင်းနဲ့လည်း တစ်ခေါက်လောက် တွေ့ချင်မိတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အစားထိုးခံရတယ်လို့ မခံစားစေချင်ဘူး။ သူ့ကို ရွေးချယ်ပြီး မွေးစားခဲ့တဲ့မိဘတွေကို ကျေးဇူးတင်သလို ပေးမွေးစားခဲ့တဲ့ မိခင်အရင်းကိုလည်း ကျေးဇူးတင်နေသူပါ။ မီလီဆာက သားကို ဘာကြောင့် ပေးမွေးစားခဲ့ရတာလဲ။ မွေးစားမိဘတွေကလည်း သွေးသားမတော်စပ်တဲ့ ကလေးတစ်ယောက်ကို ကိုယ့်သားအရင်းလို ဘာကြောင့် ချစ်ပေးနိုင်ခဲ့တာလဲ။ Lifemark က ဒီမိသားစုဝင်တွေ ဘဝတစ်ကွေ့မှာ ချခဲ့ကြတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို ပြောပြထားတဲ့ ဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း