ဇာတ်ကားများ ရွေးရန်

House With A Nice View

2012ဇာတ်ကားအမှတ် 3.7/1092 မိနစ်

အိမ်ခြံမြေလောကမှာ အရောင်းမြှင့်တင်ရေးနည်းလမ်းကောင်းတွေနဲ့ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။ အလုပ်မှာ အောင်မြင်ပေမယ့် အချစ်ရေးကိုတော့ သူက ခပ်ပေါ့ပေါ့ပဲ သဘောထားတယ်။ အချစ်ဆိုတာကို ဟာသတစ်ခုလို မြင်ပြီး သူ့ကို ဘယ်လောက်ပဲ အသည်းအသန်လိုက်ကြိုက်နေပါစေ သိပ်အရေးမလုပ်တတ်ပါဘူး။ သူနဲ့ ဆန့်ကျင်ဘက်ကတော့ ကုမ္ပဏီကို အခုမှဝင်လာတဲ့ အရောင်းဝန်ထမ်း မီယာပါ။ မီယာက အချစ်ကို အလေးအနက်ယုံကြည်ပြီး အချစ်အကြောင်းဆို ထမင်းမေ့ဟင်းမေ့ ပြောနိုင်သူမျိုး။ စာတိုလေးတစ်စောင်ရရုံနဲ့တောင် ရင်ခုန်နေတတ်ပါတယ်။ ဇာတ်လမ်းက အချစ်အပေါ် ခံယူချက်မတူတဲ့ ဒီအမျိုးသမီးနှစ်ယောက်ကို ယှဉ်တွဲဖော်ပြရင်း သူတို့ အချစ်ကို ဘယ်လိုတွေ့ရှိကြမလဲဆိုတာ ပြထားတာပါ။ အနားမှာရှိတဲ့အချစ်ကို တန်ဖိုးမထားတတ်သူတွေနဲ့ အချစ်ကို တကူးတကလိုက်ရှာနေသူတွေအကြောင်းကနေ တွေ့လာတဲ့အချစ်ကို တန်ဖိုးထားတတ်ဖို့လည်း ပြောထားပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှုပေးရင်း ကုတင်ကို လက်တွေ့စမ်းပြတဲ့ အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်ပါဘူး။

ဇာတ်လမ်းအကြောင်း