The Invincible Constable
ရန်ကျုံးဧကရာဇ် စိုးစံတဲ့ကာလမှာ သူရဲကောင်းကျန်ကျောင်းဟာ ကြောင်ဘုရင်ဘွဲ့ ချီးမြှင့်ခံရပါတယ်။ ဒါကို ကောင်းကင်ကျွန်းက ကြွက်ငါးကောင်အဖွဲ့က မကျေနပ်ကြဘဲ ကျန်ကျောင်း ဒုက္ခရောက်အောင် လုပ်ဖို့ အခွင့်အရေးစောင့်နေကြတယ်။ အဖွဲ့ထဲက အငယ်ဆုံးဖြစ်တဲ့ ပိုင်ယွီထန်ကတော့ သူ့ကို ဒုက္ခပေးချင်စိတ် အပြင်းပြဆုံးပါ။ မီးနတ်ပွဲတော် ကျင်းပချိန်မှာ သူတို့အတွက် အခွင့်ကြုံလာပါတယ်။ မင်းကြီးက တိုင်းပြည်အတွက် ဆုတောင်းဖို့ မီးနတ်ရုပ်ထုကို သွန်းလုပ်ထားပြီး အဲဒီအဖိုးတန်ရုပ်ထုကို ကာကွယ်ဖို့ ကျန်ကျောင်းကို တာဝန်ပေးထားတယ်။ ပိုင်ယွီထန်က ရုပ်ထုကို ခိုးယူနိုင်ခဲ့ပေမယ့် ပွဲတော်မှာ မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး ပြည်သူအများ ဒုက္ခရောက်သွားကြပါတယ်။ အခုတော့ ဒီအမှုကို ဖြေရှင်းရမယ့်တာဝန်ပါ ကျန်ကျောင်းဆီ ရောက်လာတယ်။ မီးလောင်ပေါက်ကွဲမှုက ကြွက်ငါးကောင်အဖွဲ့ရဲ့ လက်ချက်လား၊ နောက်ကွယ်မှာ တခြားဘယ်သူ ရှိနေသေးလဲဆိုတာကို ဖော်ထုတ်ရတော့မှာပါ။
ဇာတ်လမ်းအကြောင်း