Arctic Void
ခရီးသွားအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူ Ray Marsh နဲ့ ထုတ်လုပ်သူ၊ ဒါရိုက်တာ Alan Meursault တို့ဟာ အာတိတ်ဒေသမှာ ခရီးသွားဗီဒီယိုတစ်ပုဒ် ရိုက်ကူးဖို့ Los Angeles ကနေ ထွက်လာကြပါတယ်။ သူတို့သွားမယ့်နေရာက နော်ဝေနိုင်ငံ Svalbard ကျွန်းစုထဲက Longyearbyen ပတ်ဝန်းကျင်ပါ။ Longyearbyen ကနေ အာတိတ်ရေပြင်ထဲ လေ့လာရေးခရီးထွက်မယ့် Langøysund အပျော်စီးလှေနဲ့ လိုက်ပါဖို့ စီစဉ်ထားပေမယ့် သူတို့နဲ့ အမြဲတွဲလုပ်နေကျ ကင်မရာသမားက ဗီဇာမရခဲ့ဘူး။ ဒါကြောင့် နှစ်ရက်အတွင်း ကင်မရာသမားတစ်ယောက်ကို အမြန်ငှားလိုက်ရပါတယ်။ ဒီလိုနဲ့ နိုင်ငံပေါင်းစုံက လူနှစ်ဆယ် ပါလာတဲ့ လှေလေးနဲ့အတူ ခရီးစကြတယ်။ အာတိတ်ရှုခင်းတွေကြားက ဒီခရီးမှာ သူတို့ ဘာတွေကြုံလာရမလဲဆိုတာကို အခြေခံထားတဲ့ Drama၊ Horror နဲ့ Mystery ဇာတ်လမ်းပါ။
ဇာတ်လမ်းအကြောင်း