The Quest
အရှေ့တောင်အာရှရဲ့ တောနက်ထဲက ပျောက်ဆုံးမြို့တော်တစ်ခုမှာ ဂန်ဂန့်ဆိုတဲ့ ကိုယ်ခံပညာပြိုင်ပွဲကို တိတ်တဆိတ် ကျင်းပနေပါတယ်။ ကမ္ဘာအနှံ့က ကိုယ်ခံပညာအကျော်အမော်တွေကို ဖိတ်ခေါ်ထားပြီး အနိုင်ရသူက ရွှေအတိသွန်းထားတဲ့ နဂါးရုပ်ထုကြီးကို ပိုင်ဆိုင်ခွင့်ရမှာပါ။ ဗန်ဒိန်းသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ကတော့ အမေရိကားမှာ လူရွှင်တော်လုပ်နေသူတစ်ယောက် ဖြစ်ပါတယ်။ ပြန်ပေးဆွဲပြီး ကျွန်ပြုခံရရာကနေ သူဟာ ဒီဂန်ဂန့်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖြစ်လာတယ်။ အဲဒီအခြေအနေအထိ သူဘယ်လိုရောက်လာသလဲဆိုတာနဲ့အတူ မွေထိုင်းအပါအဝင် ကိုယ်ခံပညာမျိုးစုံရဲ့ ယှဉ်ပြိုင်ကစားကွက်တွေကို တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း