Freaks Out
ဒုတိယကမ္ဘာစစ်ကာလမှာ ဆပ်ကပ်ပြစားနေတဲ့ ထူးခြားသူလေးယောက်ဟာ အမေရိကကို သွားဖို့ စီစဉ်လိုက်ကြပါတယ်။ ဒါပေမယ့် သူတို့အတွက် စီစဉ်ပေးနေတဲ့ ခေါင်းဆောင် အစ်စရေးက ဂျူးတွေကို ဖမ်းခေါ်သွားတဲ့အထဲ ပါသွားတော့ သူတို့လည်း ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ အစ်စရေးကို လိုက်ရှာသူကရှာ၊ ဖရန့်စ်ဖွင့်ထားတဲ့ ဇူးကပ်စ်ဘာလင်ဆပ်ကပ်ကို သွားသူကသွားနဲ့ အုပ်စုကွဲသွားကြပါတယ်။ ဖရန့်စ်မှာလည်း သူ့အစီအစဉ်နဲ့သူ ရှိနေတယ်။ အီသာကို အလွန်အကျွံသုံးမိရာက အိပ်မက်ထဲမှာ အနာဂတ်ကို မြင်လိုက်ရပြီး ဟစ်တလာသေဆုံးတာနဲ့ သူတို့ဘက်က စစ်ရှုံးတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် အနာဂတ်ကို ပြောင်းလဲဖို့ စွမ်းအားရှင်တွေကို ရှာဖွေနေပါတယ်။ သူတို့ကို ဟစ်တလာဆီ ပို့ပေးပြီး စစ်ပွဲမှာ အနိုင်ရအောင် တိုက်ခိုက်ခိုင်းဖို့ ရည်ရွယ်ထားတာပါ။ စစ်ကာလထဲက ဒီလူတွေရဲ့အကြောင်းကို သဘာဝလွန်ဖြစ်ရပ်တွေ၊ စွန့်စားခန်းတွေနဲ့ ဟာသရောပြီး တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း