Ilo Ilo
၁၉၉၇ ခုနှစ် အာရှစီးပွားရေးအကျပ်အတည်းကြောင့် စင်္ကာပူမှာလည်း အလုပ်လက်မဲ့ဖြစ်သူတွေ၊ ကိုယ့်အသက်ကိုယ် အဆုံးစီရင်သူတွေနဲ့ မျှော်လင့်ချက်ရသမျှကို ဆုပ်ကိုင်နေရသူတွေ ရှိလာပါတယ်။ Ilo Ilo က အဲဒီကာလထဲက အလယ်အလတ်တန်းစား မိသားစုတစ်စုနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူ ထရေဆာတို့အကြောင်းကို ပြထားတာပါ။ ထရေဆာဟာ ဝင်ငွေရှာဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကို ရောက်လာခဲ့တယ်။ သူအလုပ်လုပ်ရတဲ့အိမ်မှာ ကြီးကောင်ဝင်စ ဂျစ်ကန်ကန်ကလေးတစ်ယောက်၊ ကိုယ်ဝန်ရင့်နေပေမယ့် အလုပ်မနားနိုင်သေးတဲ့ အမေနဲ့ စီးပွားရေးကျဆင်းမှုဒဏ် ခံနေရတဲ့ အဖေတို့ ရှိနေပါတယ်။ ဒီအိမ်မှာ နေရင်း ထရေဆာနဲ့ ခပ်ဆိုးဆိုးကလေးကြား သံယောဇဉ်တစ်ခု ဖြစ်လာပြီး သူမလည်း မိသားစုဝင်တစ်ယောက်လို ဖြစ်လာတယ်။ စီးပွားရေးမကောင်းတဲ့ကာလရဲ့ မရေရာမှုတွေက သူတို့ဘဝကို ဘယ်လို ထပ်ပြောင်းလဲစေဦးမလဲ။ Ilo Ilo ဆိုတဲ့အမည်က ထရေဆာရဲ့ဇာတိ ဖိလစ်ပိုင်မြို့နာမည်ကို ယူထားတာဖြစ်ပြီး တရုတ်မန်ဒရင်းခေါင်းစဉ်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါရိုက်တာ Anthony Chen က သူ့ငယ်ဘဝမှာ ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ကားကြီးပါ။ မိသားစုရဲ့နေ့စဉ်ဘဝနဲ့ လူတွေရဲ့စရိုက်သဘာဝကို ရိုးရိုးရှင်းရှင်း တင်ဆက်ထားပြီး ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရတဲ့ ပထမဆုံး စင်္ကာပူရုပ်ရှင်လည်း ဖြစ်ပါတယ်။ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ရရှိထားပါတယ်။
ဇာတ်လမ်းအကြောင်း