The Assassination of Nie Yinniang
ထန်မင်းဆက် အန်းရှီအရှုပ်တော်ပုံပြီးနောက် ကျန်ရှိနေတဲ့ အန်းရှီမျိုးနွယ်တွေဟာ လမ်းစဉ်အသစ်တစ်ခု ထူထောင်ဖို့ဆိုပြီး ဖေးယိဂိုဏ်းကို ဖွဲ့စည်းလိုက်ကြပါတယ်။ ပုန်ကန်မှုနဲ့ တိုက်ခိုက်မှုတွေ ပြန်ပေါ်လာအောင် လုပ်ဆောင်နေတဲ့ ဒီဂိုဏ်းကို နှိမ်နင်းဖို့ နန်းတွင်းဘက်ကလည်း ချန်ရွှိန်ဂိုဏ်းကို တည်ထောင်ထားတယ်။ ချန်ရွှိန်ဂိုဏ်းရဲ့တပည့် ယင်းနျန်ဟာ ဝေ့ပေါ်က စစ်သူကြီးတစ်ယောက်ရဲ့သမီးအဖြစ် ဟန်ဆောင်နေပြီး ဖေးယိဂိုဏ်းခေါင်းဆောင်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ တစ်ဖက်မှာ သူနဲ့ ညီအစ်မလို နေထိုင်လာတဲ့ ဆရာတူအစ်မက အလေးပေးမခံရတဲ့အတွက် ဂိုဏ်းအပေါ် စိတ်ဆိုးပြီး စိတ်လိုက်မာန်ပါ လုပ်လာတယ်။ အဲဒီအစ်မက ဂိုဏ်းကို တကယ်ပဲ သစ္စာဖောက်သွားမလား။ ယင်းနျန်ကရော ဂိုဏ်းရဲ့လျှို့ဝှက်သိုင်းကို ကျင့်ကြံနိုင်မလား၊ ဖေးယိခေါင်းဆောင်ကို သတ်ဖို့ ရည်ရွယ်ထားတာရော အောင်မြင်မလားဆိုတာကို ဂိုဏ်းနှစ်ဂိုဏ်းကြားက သိုင်းပညာနဲ့ အကြံအစည်တွေကြားမှာ ဆက်ပြထားပါတယ်။ မြွေဖြူမြွေစိမ်းနဲ့ Great God Monkey တို့မှာ ပါဝင်ခဲ့တဲ့ NanSheng (Royi) သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း