ဇာတ်ကားများ ရွေးရန်

Jockey

2021ဇာတ်ကားအမှတ် 6.0/1094 မိနစ်

မြင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်မြင်းကို စီးနင်းပေးရတဲ့ ကစားသမားကို ဂျော်ကီလို့ ခေါ်ပါတယ်။ Jockey ကတော့ ကစားသမားဘဝ အဆုံးသတ်ချိန်နီးလာတဲ့ ဝါရင့်ဂျော်ကီတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို အဓိကထား ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ မြင်းပြိုင်ပွဲတစ်ပွဲမှာ အမြန်ဆုံးမြင်းက နိုင်တယ်လို့ပဲ အလွယ်တကူ ထင်နိုင်ပေမယ့် စီးနင်းသူရဲ့ အရည်အချင်းနဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ ဒီဇာတ်ကားမှာ အဲဒီအကြောင်းအပြင် ဂျော်ကီတွေရဲ့ ဘဝအတက်အကျ၊ စွန့်စားရမှုတွေနဲ့ ဝါသနာအတွက် ပေးဆပ်ရမှုတွေကိုပါ ပြထားတယ်။ အားကစားနောက်ခံဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ ဒရာမာအချိုးအကွေ့ကြီးတွေထက် ဝါရင့်ကစားသမားတစ်ယောက်ရဲ့ အနားယူချိန်နီးလာတဲ့ ဘဝကို မှတ်တမ်းရုပ်ရှင်ဆန်ဆန် တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း